ရန်ကုန်တိုင်းဒေသကြီးအတွင်း သောက်သုံးရေ လုံလောက်စွာ ရရှိရေးအတွက် ရေဂါလန် ၂၃၇ သန်းကို နေ့စဉ် ဖြန့်ဖြူးပေးနေတယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC)၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)မှ သိရပါတယ်။သောက်သုံးရေများကို ရေအရင်းအမြစ်များဖြစ်တဲ့ ဂျိုးဖြူ၊ ဖူးကြီး၊ လှော်ကား၊ ငမိုးရိပ် ရေလှောင်ကန်နှင့် လဂွန်းပြင်ရေသန့်စင်စက်ရုံတို့မှ တစ်ဆင့် ရေတွန်းစက်ကြီးများနှင့် ထပ်ဆင့် ရေတွန်းစက်များ အသုံးပြုကာ ရန်ကုန်မြို့တွင်းသို့ ရေပို့ ပိုက်မကြီးများ၊ ရေဖြန့်ဝေပိုက်များဖြင့် ဖြန့်ဝေပေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။
Apr 12 • 6:17 AM
Myanmar
Yangon
Share
| 25 | 0 | 0 | 0 |


