back

ပြည်တွင်း‌၌ သက်သာသောဈေးနှုန်းများဖြင့် ဆန်ရောင်းချမှုတိုးမြှင့်မည်

Apr 12 • 2:46 AM

breaking-news

Myanmar

Local

cover

ပြည်တွင်း‌၌ သက်သာသောဈေးနှုန်းများဖြင့် ဆန်ရောင်းချမှုတိုးမြှင့်မည်

သက်သာတဲ့ဈေးနှုန်းတွေနဲ့ ဆန်ရောင်းချပေးတာကို တိုးမြှင့်ဆောင်ရွက်ပေးသွားမယ်လို့ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်က ထုတ်ပြန်ပါတယ်။အခုနှစ် မတ်လဆန်းက စတင်ဖြစ်ပေါ်ခဲ့တဲ...

သက်သာတဲ့ဈေးနှုန်းတွေနဲ့ ဆန်ရောင်းချပေးတာကို တိုးမြှင့်ဆောင်ရွက်ပေးသွားမယ်လို့ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်က ထုတ်ပြန်ပါတယ်။အခုနှစ် မတ်လဆန်းက စတင်ဖြစ်ပေါ်ခဲ့တဲ့ အရှေ့အလယ်ပိုင်းစစ်ပွဲနဲ့ နိုင်ငံတကာစီးပွားရေးမတည်ငြိမ်မှုတွေ၊  စက်သုံးဆီဈေးနှုန်းမြင့်တက်မှုနဲ့ သယ်ယူပို့ဆောင်ရေးအခက်အခဲတွေ‌ကြောင့် အခြေခံပြည်သူတွေ ဝယ်ယူစားသုံး တဲ့ ဆန်ဈေးနှုန်းတွေကို သင့်တင့်မျှတမှုဖြစ်စေဖို့ သက်သာတဲ့ဈေးနှုန်းတွေနဲ့ ရောင်းချပေးတဲ့အစီအစဉ်တွေကို တိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။တိုးမြှင့်ဆောင်ရွက်မယ့်အစီအစဉ်အရ ဆန်စက်တွေမှာ ဧည့်မထဆန်တစ်ပြည်ကို ၂,၅၀၀ ကျပ် ၊ ရက် ၉၀ နဲ့ တစ်ခြား ပြည်တွင်းစားဆန်တွေကို ဆန်အမျိုးအစားအရည်အသွေးပေါ်မူတည်ကာ တစ်ပြည်ကို ကျပ် ၃,၀၀၀ ကနေ ကျပ် ၃,၅၀၀၊  ဧရာဝတီပေါ်ဆန်းဆန်တွေကို အမျိုးအစားအရည်အသွေးပေါ်မူတည်ပြီး တစ်ပြည် ကို ကျပ် ၅,၀၀၀ ကနေ ကျပ် ၆,၀၀၀ အတွင်း ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

news-view-count-icon

24