back

စစ်ကိုင်းတိုင်း၊ရွှေဘိုရှိ ရက်ကန်းလုပ်ငန်းများ ချည်နှင့်စက်သုံးဆီဈေး မြင့်တက်မှုကြောင့်  လည်ပတ်ရန် ခက်ခဲ

Apr 12 • 2:45 AM

breaking-news

Myanmar

Sagaing

cover

စစ်ကိုင်းတိုင်း၊ရွှေဘိုရှိ ရက်ကန်းလုပ်ငန်းများ ချည်နှင့်စက်သုံးဆီဈေး မြင့်တက်မှုကြောင့်  လည်ပတ်ရန် ခက်ခဲ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က ရက်ကန်းလုပ်ငန်းတွေမှာ အသုံးပြုတဲ့ ချည်ဈေးနဲ့ စက်သုံးဆီဈေး မြင့်တက်တာကြောင့် လုပ်ငန်းတွေဆက်လည်ပတ်ဖို့ အခက်အခဲတွေနဲ့ ကြုံနေရတယ်လ...

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က ရက်ကန်းလုပ်ငန်းတွေမှာ အသုံးပြုတဲ့ ချည်ဈေးနဲ့ စက်သုံးဆီဈေး မြင့်တက်တာကြောင့် လုပ်ငန်းတွေဆက်လည်ပတ်ဖို့ အခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ ရက်ကန်းလုပ်ငန်း လုပ်ကိုင်နေသူတွေက ပြောပါတယ်။

အရှေ့အလယ်ပိုင်းဒေသမှာဖြစ်နေတဲ့ ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံမှာ စက်သုံးဆီ ရှားပါးပြတ်လပ် ဈေးအဆမတန်မြင့်တက်လာပြီး သယ်ယူစရိတ်နဲ့ ချည်ကုန်ကြမ်းတွေ ဈေးတက်လာပေမဲ့ အထည်ဈေးမတက်ဘူးလို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။

ဒါကြောင့် ရက်ကန်းစင် ၅ စင်နဲ့အောက်ရှိတဲ့ လုပ်ငန်းရှင်တွေဟာ လုပ်ငန်းရပ်နားထားရမဲ့ အခြေအနေနဲ့ ကြုံတွေ့နေရပြီး ၅ စင်အထက်ရှိတဲ့ လုပ်ငန်းရှင်တွေကတော့ အလုပ်သမား ထိန်းတဲ့အနေနဲ့ လုပ်ငန်းကို ခက်ခက်ခဲခဲ လည်ပတ်နေရတယ်လို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။

news-view-count-icon

43