back

မန္တလေး၌ သင်္ကြန်ကာလအတွင်း ယာဥ်အပ်နှံခ သတ်မှတ်နှုန်းထားထက် ပိုကောက်ခံလို့ တိုင်ကြားသူရှိရင် အရေးယူမည်ဟုဆို

Apr 12 • 1:18 AM

breaking-news

Myanmar

Mandalay

cover

မန္တလေး၌ သင်္ကြန်ကာလအတွင်း ယာဥ်အပ်နှံခ သတ်မှတ်နှုန်းထားထက် ပိုကောက်ခံလို့ တိုင်ကြားသူရှိရင် အရေးယူမည်ဟုဆို

မြန်မာ့ရိုးရာအတာသင်္ကြန် အတွက် မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်မှာရှိတဲ့ မန္တလေးနန်းတော် ကျုံးနဘေးပတ်လည်မှာ လမ်းလျှောက်သင်္ကြန်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပန...

မြန်မာ့ရိုးရာအတာသင်္ကြန် အတွက် မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်မှာရှိတဲ့ မန္တလေးနန်းတော် ကျုံးနဘေးပတ်လည်မှာ လမ်းလျှောက်သင်္ကြန်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ဖို့ စီစဥ်နေတာကို တွေ့ရပါတယ်။မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ဆိုင်ကယ်(၆၀၀)ကျပ်၊ ကား(၁,၀၀၀)ကျပ်နှုန်းဖြင့် ကောက်ခံဆောင်ရွက်မှာဖြစ်တယ်လို့ သိရပါတယ်။ယာဥ်အပ်နှံခကို သတ်မှတ်နှုန်းထားထက် ကျော်လွန်ကောက်ခံပါက မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာနမှာ လာရောက်တိုင်ကြား နိုင်တယ်လို့ သိရပါတယ်။ယာဥ်အပ်နှံခကို သတ်မှတ်နှုန်းထားထက် ကျော်လွန်ကောက်ခံလို့ တိုင်ကြားလာရင် ပထမ အနေနဲ့ လုပ်ငန်းလုပ်ကိုင်သူကို ဒဏ်ငွေ ၅ သိန်း ပေးဆောင်စေမှာ ဖြစ်ပြီး၊ ဒုတိယတခေါက် ထပ်မံကျူးလွန်ပါက လုပ်ငန်းဆောင်ရွက်ခွင့် ရုပ်သိမ်းသွားမယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာနကနေ သိရပါတယ်။

news-view-count-icon

68