ရန်ကုန်ကနေ ဧရာ၀တီတိုင်း ဘိုကလေး၊ မြင်းကကုန်း၊ မော်လမြိုင်ကျွန်းတို့ဆီ ပြေးဆွဲနေတဲ့ အမြန်ရေယာဉ်လက် မှတ်ခတွေဟာ အရင်က တသောင်းဝန်းကျင်သာ ရှိခဲ့ရာကနေ အခုအခါ နှစ်သောင်းခွဲထိ စျေးတက်သွားပါတယ်။ရန်ကုန်ကနေ မော်လမြိုင်ကျွန်းအထိ ရေယာဉ်လက်မှတ်တစောင်ကို အရင်က တသောင်း၊ တသောင်းနှစ်ထောင် သာရှိခဲ့တာဖြစ်ပြီး အခုအခါ နှစ်သောင်းခွဲ၊ နှစ်သောင်းခြောက်ထောင်ထိ စျေးထိုးတက်သွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီလမ်းကြောင်းကို ပုသိမ်သူ၊ ရွှေစင်ကြယ်၊ ရွှေမော်ကျွန်းစတဲ့ အမြန်ယာဉ်တွေ အလှည့်ကျ ပြေးဆွဲနေကြတာဖြစ်ပါတယ်။
Apr 12 • 1:16 AM
Myanmar
Ayeyarwady
Share
| 24 | 0 | 0 | 0 |


