back

ဘာနာဒိုဆေးလ်ဗားကို မန်စီးတီးမှာပဲ ဂွါဒီယိုလာ ဆက်ရှိလို

Apr 12 • 2:47 AM

breaking-news

Myanmar

International

cover

ဘာနာဒိုဆေးလ်ဗားကို မန်စီးတီးမှာပဲ ဂွါဒီယိုလာ ဆက်ရှိလို

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက အသင်းခေါင်းဆောင် ဘာနာဒိုဆေးလ်ဗားကို ဆက်ရှိလိုပြီး ကစားသမားဘဝကို အသင်းမှာပဲ အဆုံးသတ်စေချင်တယ်လို့ ပြောခဲ့ပါတယ်။ဒါပေမဲ့ ကစားသမားဘ...

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက အသင်းခေါင်းဆောင် ဘာနာဒိုဆေးလ်ဗားကို ဆက်ရှိလိုပြီး ကစားသမားဘဝကို အသင်းမှာပဲ အဆုံးသတ်စေချင်တယ်လို့ ပြောခဲ့ပါတယ်။ဒါပေမဲ့ ကစားသမားဘဝရဲ့ဆုံးဖြတ်ချက်ပေါ်မှာ အဓိကမူတည်နေတယ်လို့ ဝန်ခံခဲ့ပါတယ်။ပြီးခဲ့တဲ့အပတ်က မန်စီးတီးလက်ထောက်နည်းပြ ပက်လင်ဒါက ဘာနာဒိုဆေးလ်ဗားရဲ့အသင်းမှာ ကိုးနှစ်ကြာကစားသမားဘ၀ အဆုံးသတ်တော့မယ်လို့ ပြောခဲ့တာပါ။ဘာနာဒိုဆေးလ်ဗား(၃၁ နှစ်)ရဲ့စာချုပ်ဟာ အခုရာသီကုန်မှာပဲ သက်တမ်းကုန်ဆုံးမှာဖြစ်တယ်။ဘာနာဒိုဆေးလ်ဗားအနေနဲ့ လာလီဂါကလပ် ဘာစီလိုနာ၊ စီးရီးအေကလပ် ဂျူဗင်တပ်စ်အပြင် မေဂျာလိဂ်ကလပ်တွေနဲ့လည်း သတင်းထွက်နေပါတယ်။

news-view-count-icon

23