ထိုင်းနိုင်ငံရဲ့ ပလတ်စတစ်ထုတ်ကုန်လုပ်ငန်းစုကြီးဖြစ်တဲ့ COMOS Corporation ဟာ မြင့်တက်လာတဲ့ ရေနံစျေးနှုန်းဒဏ်ကြောင့် လာမယ့် ဧပြီလကုန်မှာ လုပ်ငန်းတွေအားလုံး ရပ်နားတော့မှာ ဖြစ်ပါတယ်။ နှစ်ပေါင်း ၅၀ ကျော် လည်ပတ်ခဲ့တဲ့ ဒီလုပ်ငန်းကြီးဟာ ရေနံစျေးနှုန်း မြင့်တက်မှုကြောင့် တိုးလာတဲ့ ကုန်ကျစရိတ်ဝန်ထုပ်ဝန်ပိုးကို ဆက်မတောင့်ခံနိုင်တော့ဘဲ အခုလို ဆုံးဖြတ်လိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။ လုပ်ငန်းပိတ်သိမ်းလိုက်ရတဲ့အတွက် အလုပ်လက်မဲ့ဖြစ်သွားရတဲ့ ဝန်ထမ်း ၃၀၀ ခန့်အတွက် ကုမ္ပဏီဘက်က တာဝန်ယူမှုအပြည့်နဲ့ နစ်နာကြေးတွေ စီစဉ်ပေးခဲ့ပါတယ်။ စုစုပေါင်း နစ်နာကြေးငွေ ဘတ်သန်း ၄၀ ကျော်ကို ဝန်ထမ်းအားလုံးအတွက် အကျေအလည် ပေးလျော်သွားမှာ ဖြစ်ပါတယ်။



