back

❝ဒီဇယ်မှောင်ခိုရောင်းလို့ ထိုင်းက ဓာတ်ဆီဆိုင်ကို ဘတ် ၂.၅ သန်းဒဏ်ရိုက်❞

Apr 10 • 3:11 PM

breaking-news

Thailand

Local News

cover

❝ဒီဇယ်မှောင်ခိုရောင်းလို့ ထိုင်းက ဓာတ်ဆီဆိုင်ကို ဘတ် ၂.၅ သန်းဒဏ်ရိုက်❞

နခွန်ရာချ်စီမာခရိုင်၊ ပက်ချောင်မြို့နယ်က ဓာတ်ဆီဆိုင်တစ်ဆိုင်ဟာ မှောင်ခိုဒီဇယ် လီတာ ၂ သောင်း ၄ ထောင်ကျော် ဖြန့်ဖြူးရောင်းခဲ့လို့ ထိုင်းအစိုးရက ဘတ် ၂.၅ သန်း ဒဏ်ရိ...

နခွန်ရာချ်စီမာခရိုင်၊ ပက်ချောင်မြို့နယ်က ဓာတ်ဆီဆိုင်တစ်ဆိုင်ဟာ မှောင်ခိုဒီဇယ် လီတာ ၂ သောင်း ၄ ထောင်ကျော် ဖြန့်ဖြူးရောင်းခဲ့လို့ ထိုင်းအစိုးရက ဘတ် ၂.၅ သန်း ဒဏ်ရိုက်ခဲ့ပါတယ်။ အခုလို ဆီကျပ်တည်းနေချိန်မှာ ထိုင်းအစိုးရက ပြစ်မှုတွေကို အထူးစောင့်ကြည့်နေချိန်မှာ အထူးတပ်ဖွဲ့ဝင်တွေက စုံစမ်းဖော်ထုတ်ခဲ့တာပါ။ ပတ်ချောင်မြို့နယ်၊ Friendship Highway ပေါ်က ဆီဆိုင်ကို မသင်္ကာလို့ စောင့်ကြည့်ရင်း ဖာ်ထုတ်ခဲ့တာဖြစ်ပြီး ဝင်ရောက် စီးနင်းနေချိန်မှာ ဝှက်ထားတဲ့ ဒီဇယ် ၂၄၀၀၀ ကိုတွေ့ခဲ့တာပါ။ ဆိုင်ရှင်ကို စစ်မေးတော့ ဆီ ဘယ်ကလာလဲဆိုတာ မပြောနိုင်သလို၊ ဆီကို ယူပြီး စစ်ဆေးလိုက်တော့ တရားမဝင် မှောင်ခိုဆီတွေဖြစ်နေပါတယ်။ လက်ရှိမှာတော့ ဆီကို တရားမဝင်လှောင်ထား၊ ဝယ်ထားသူတွေကို ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ အသိပေးထားပါတယ်။




news-view-count-icon

11