တရုတ်နိုင်ငံ အိမ်စီးကားအသင်း China Passenger Car Association CPCA မှ ကြာသပတေးနေ့ (ဧပြီ ၉)တွင် ထုတ်ပြန်သည့် အချက်အလက်များအရ တရုတ်ပြည်တွင်းဈေးကွက်တွင် စွမ်းအင်သစ်သုံး အိမ်စီးကားများ၏ လက်လီရောင်းချမှုသည် ယခုနှစ် ပထမသုံးလပတ်တွင် ၂၁% ကျဆင်းပြီး အစီးရေ ၁.၉ သန်းသာရှိခဲ့သည်။ မတ်လတွင် ယခင်နှစ်ထက် ၁၄% ကျဆင်းကာ အစီးရေ ၈၄၈,၀၀၀ ရှိသည်။ တရုတ်နိုင်ငံတွင် စွမ်းအင်သစ်သုံး မော်တော်ယာဉ်များအတွက် ဝယ်ယူခွန် ကင်းလွတ်ခွင့် မက်လုံးကို ယခုနှစ် ၂၀၂၆ ဇန်နဝါရီ ၁ ရက်မှစ၍ ၁၀ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းသို့ ထက်ဝက်လျှော့ချသည့်အတွက် စွမ်းအင်သစ်သုံး အိမ်စီးကားများ၏ ရောင်းအား ကျဆင်းသွားခဲ့သည်။



