ရုပ်ရှင်သမိုင်းပြတိုက်ကို ၂၀၂၆ ခုနှစ်၊ မြန်မာနှစ်သစ်ကူး ရုံးပိတ်ရက်များဖြစ်သော ဧပြီလ (၁၁)ရက်နေ့မှ (၁၉)ရက်နေ့အထိ ပိတ်ထားမည်ဖြစ်သည့်အပြင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကို ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။ရန်ကုန်မြို့၊ဗဟန်းမြို့နယ်၊ဝဂ်ဘာလမ်းရှိရုပ်ရှင်သမိုင်းပြတိုက်တွင် ငွေရတုပြခန်း၊ ရွှေရတုပြခန်း၊ စိန်ရတု ပြခန်း၊ ရုပ်ရှင် နှစ် ၁ဝဝ ပြည့် အကြိုပြခန်း၊ စက်မှုပြခန်းနှင့် ရုပ်ရှင်ထူးချွန်ဆုပြခန်း ပြသထားပြီးပြခန်းများတွင် မြန်မာ့ရုပ်ရှင် ခေတ်ဦး ၁၉၂ဝ ပြည့်နှစ်က ရိုက်ကူးခဲ့သော ကင်မရာများကို ထည့်သွင်းပြသထားကြောင်းသိရသည်။ပြတိုက်ကို အစိုးရပိတ်ရက်များမှအပ နေ့စဉ်နံနက်၁၀နာရီမှ ညနေ၄နာရီအထိဖွင့်လှစ်ပြသလျှက်ရှိကြောင်း သိရသည်။



