back

မော်လမြိုင်-မြဝတီ၊ ဘားအံ-မြဝတီ မော်တော်ယာဉ်စီးခ အနည်းငယ်ကျဆင်း

Apr 10 • 1:21 PM

breaking-news

Myanmar

Mon

cover

မော်လမြိုင်-မြဝတီ၊ ဘားအံ-မြဝတီ မော်တော်ယာဉ်စီးခ အနည်းငယ်ကျဆင်း

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် မြဝတီ-ကော့ကရိတ်-ဘားအံ အာရှလမ်းမကြီးပြန်ဖွင့်ပြီးနောက် မော်လမြိုင်-မြဝတီ၊ ဘားအံ-မြဝတီ မော်တော်ယာဉ်စီးခ အနည်းငယ...

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် မြဝတီ-ကော့ကရိတ်-ဘားအံ အာရှလမ်းမကြီးပြန်ဖွင့်ပြီးနောက် မော်လမြိုင်-မြဝတီ၊ ဘားအံ-မြဝတီ မော်တော်ယာဉ်စီးခ အနည်းငယ်ကျဆင်းသွားကြောင်း ယာဉ်မောင်းနှင့် ခရီးသွားလာသူများက ပြောသည်။ဧပြီလ ၂ ရက်နေ့က သုံးနှစ်နီးပါးပိတ်ထားသည့် အဆိုပါလမ်းမကြီးကို စစ်ကော်မရှင်အဖွဲ့မှ ပြန်လည်ဖွင့်လှစ်လိုက်ပြီးနောက် သွားလာရေး ယခင်ကထက် ပိုမိုလွယ်ကူလာသော်လည်း စက်သုံးဆီဈေးနှုန်းကြောင့် ယာဉ်စီးခများ သိသိသာမဟုတ်သော်လည်း ဈေးနှုန်းအနည်းငယ် ကျဆင်းလာသည်။မြဝတီ-ဘားအံ၊ မြဝတီ-မော်လမြိုင် ယာဉ်စီးခသည် ယခင်က ခရီးသည်တစ်ဦး ၁သိန်းကျော် ကောက်ခံနေရာမှ ကျပ် ၁ သိန်းဝန်းကျင်သာ ကျသင့်သည်ဟု ခရီးသွားလာသူ တစ္ဦးက ဆိုသည္။မြဝတီ-ကော့ကရိတ် အာရှလမ်းပိတ်ထားစဉ် ခရီးသွားလာသူများ မြဝတီမြို့၏ မြောက်ဘက်လမ်းပိုင်းများဖြစ်သော ထို့ကော့ကိုးလမ်း၊ ကြက်ဥတောင်လမ်း၊ ၁၀၁၈ လမ်း အစရှိသည့် ဒေါနတောင်တက်လမ်းများတွင် ဖြတ်သန်းသွားလာရသည်။၎င်းကုန်သွယ်ရေးဇုန်ကို ပိတ်ထားသည့်အချိန်မှစပြီး ထိုင်း-မြန်မာ ကုန်စည်စီးဆင်းမှု ရပ်တန့်သွားရပြီး ကုန်စည်သယ်ယူပို့ဆောင်ရေးများကို အဆင်ပြေသည့်လမ်းပိုင်းမှ တင်သွင်းခဲ့ရသည်။မြဝတီ-ကော့ကရိတ် လမ်းပိုင်း၌ လက်ရှိတွင် စစ်ဆေးရေးဂိတ် ၃ ခုရှိပြီး ယာဉ်မောင်းများ၏ မှတ်ပုံတင်နှင့် အချက်အလက်များကို အဓိက စစ်ဆေးနေကြောင်းလည်း သိရသည်။




news-view-count-icon

42