back

စက်သုံးဆီအခက်အခဲကြောင့် သင်္ကြန်ကာလ အဝေးပြေးကားလက်မှတ်ခများ နှစ်ဆကျော် မြင့်တက်

Apr 10 • 7:39 AM

breaking-news

Myanmar

Local

cover

စက်သုံးဆီအခက်အခဲကြောင့် သင်္ကြန်ကာလ အဝေးပြေးကားလက်မှတ်ခများ နှစ်ဆကျော် မြင့်တက်

၂၀၂၆ ခုနှစ် သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း ပြည်တွင်းခရီးသွားလာမှု များပြားနေသော်လည်း စက်သုံးဆီဈေးနှုန်း မြင့်တက်မှုနှင့် အခက်အခဲများကြောင့် အဝေးပြေးယာဉ်လိုင်းနှင့...

၂၀၂၆ ခုနှစ် သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း ပြည်တွင်းခရီးသွားလာမှု များပြားနေသော်လည်း စက်သုံးဆီဈေးနှုန်း မြင့်တက်မှုနှင့် အခက်အခဲများကြောင့် အဝေးပြေးယာဉ်လိုင်းနှင့် လေယာဉ်လက်မှတ်ခများ စံချိန်တင် ဈေးတက်နေကြောင်း သိရသည်။ အဝေးပြေးယာဉ်လိုင်းများတွင် ရန်ကုန်-မန္တလေး ခရီးစဉ်မှာ ယခင် ၃၁,၀၀၀ ကျပ်မှ ယခုအခါ ရိုးရိုးကား ၆၀,၀၀၀ ကျပ်နှင့် VIP ကား ၈၀,၀၀၀ ကျပ်ဝန်းကျင်အထိ ဖြစ်ပေါ်နေပြီး၊ ရှမ်းပြည်နယ်ဘက်သို့ သွားမည့် လက်မှတ်ခများမှာလည်း သုံးဆနီးပါး မြင့်တက်သွားသည်။ အလားတူ လေယာဉ်လက်မှတ်ခများမှာလည်း ခရီးစဉ်အလိုက် ကျပ်သောင်းဂဏန်းမှ သိန်းဂဏန်းအထိ မြင့်တက်နေကာ၊ ယာဉ်လိုင်းပိုင်ရှင်များအနေဖြင့် ခရီးစဉ်တစ်ခုထွက်ရန် စက်သုံးဆီကို ဆိုင်အများအပြားတွင် ခွဲတမ်းတိုး၍ ဝယ်ယူနေရသည့်အတွက် ယခုကဲ့သို့ ဈေးနှုန်းမြှင့်တင်ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

33