မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ ကြီးမှူးကျင်းပသော (၁၀) ကြိမ်မြောက် သက်ကြီးပူဇော်ပွဲ အခမ်းအနားကို သင်္ကြန်ကာလ အကြိုအဖြစ် မန္တလေးမြို့၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ အခမ်းအနားတွင် ရွှေလုပ်ငန်းနယ်ပယ်အတွင်းရှိ အသက်အရွယ်ကြီးရင့်သော ပညာရှင်ကြီးများနှင့် လုပ်ငန်းရှင်ကြီးများအား ဂါရဝပြု ပူဇော်ကန်တော့ကြပြီး၊ နောင်လာနောက်သား ရွှေလုပ်ငန်းရှင်များက သက်ကြီးဘိုးဘွားများ၏ ကျန်းမာရေးနှင့် လူမှုရေးကိစ္စရပ်များအတွက် လိုအပ်သည်များကို ပါဝင်လှူဒါန်းခဲ့ကြကြောင်း သိရှိရပါသည်။
Apr 10 • 7:40 AM
Myanmar
Mandalay
Share
| 17 | 0 | 0 | 0 |


