back

မြစ်ကြီးနားမြို့၌ (၁၃) ကြိမ်မြောက် သုတစုံလင်ဗုဒ္ဓဝင် အရည်အချင်းစစ် စာမေးပွဲ ကျင်းပပြီးစီး

Apr 10 • 2:56 AM

breaking-news

Myanmar

Kachin

cover

မြစ်ကြီးနားမြို့၌ (၁၃) ကြိမ်မြောက် သုတစုံလင်ဗုဒ္ဓဝင် အရည်အချင်းစစ် စာမေးပွဲ ကျင်းပပြီးစီး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဗုဒ္ဓဘာသာဝင်များ၏ သာသနာရေးဆိုင်ရာ အသိပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ "ကချင်ပြည်နယ် သုတစုံလင်ဗုဒ္ဓဝင်အဖွဲ့ (မြစ်ကြီးနား...

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဗုဒ္ဓဘာသာဝင်များ၏ သာသနာရေးဆိုင်ရာ အသိပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ "ကချင်ပြည်နယ် သုတစုံလင်ဗုဒ္ဓဝင်အဖွဲ့ (မြစ်ကြီးနား)" မှ ကြီးမှူးကျင်းပသော (၁၃) ကြိမ်မြောက် အရည်အချင်းစစ် စာမေးပွဲကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့က အောင်မြင်စွာ ကျင်းပခဲ့ပါသည်။အဆိုပါ စာမေးပွဲကို မြစ်ကြီးနားမြို့၊ အောင်ဇေရန်အောင်ကျောင်းတိုက်ရှိ အောင်မင်္ဂလာဇာတ်ရုံတွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ ဗဟို၏ (၁၃) ကြိမ်မြောက်နှင့် မြစ်ကြီးနားအဖွဲ့အနေဖြင့် (၂) ကြိမ်မြောက် ကျင်းပသည့် ပွဲတော်လည်း ဖြစ်ပါသည်။ သာသနာတော် အဓွန့်ရှည်တည်တံ့စေရန်နှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုများ ပိုမိုထွန်းကားလာစေရန်အတွက် ဗုဒ္ဓဝင်ဆိုင်ရာ အချက်အလက်များကို စနစ်တကျ လေ့လာဆည်းပူးကာ ဖြေဆိုပူဇော်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

20