ရခိုင်ပြည်နယ်၊ပုဏ္ဏားကျွန်းမြို့နယ်၊ ကန်ပူးရပ်ရွာမှာ ရေကန် ၄ ကန်ရှိတဲ့အနက် ၃ ကန်က ရေခမ်းခြောက်သွားပြီ ဖြစ်တဲ့အတွက် ရေအခက်အခဲနဲ့ စတင် ကြုံတွေ့ နေရပြီဖြစ်တယ်လို့ ဆိုပါတယ်။ကျန်နေတဲ့ ရေကန်မှာလည်း အသုံးပြုသူများနေတာကြောင့် ရေခမ်းခြောက်လာတဲ့အတွက် ဒီနှစ် နွေရာသီအတွက် ရေမလုံလောက် နိုင်တော့လို့ သိရပါတယ်။ ယခင်နှစ်တွေကလည်း ရေကြောင့်အခက်အခဲတွေ ရှိခဲ့တဲ့အတွက် ဒီနှစ်မှာ ပိုပြီး အခက်အခဲ ကြုံလာနိုင်တဲ့ အခြေအနေ ရှိနေတယ်လို့ ပြောပါတယ်။



