ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းစီးတီးရှိ Can Gio ခရိုင်တွင် တည်ဆောက်မည့် အမေရိကန်ဒေါ်လာ ၄.၉ ဘီလီယံတန်ဖိုးရှိ Can Gio အပြည်ပြည်ဆိုင်ရာ ကုန်သေတ္တာကူးပြောင်းတင်ဆောင်ရေးဆိပ်ကမ်း (Can Gio International Transshipment Port) စီမံကိန်းအတွက် Vietnam Maritime Corporation (VIMC) နှင့် Mediterranean Shipping Company (MSC) တို့၏ လက်အောက်ခံ Terminal Investment Limited (TIL) တို့ ပါဝင်သော ဖက်စပ်လုပ်ငန်းအဖွဲ့က ရင်းနှီးမြှုပ်နှံမှုအဆိုပြုလွှာကို ဧပြီလ ၉ ရက်နေ့တွင် တရားဝင်တင်သွင်းလိုက်သည်။ အဆိုပါစီမံကိန်းကို အဆင့် ၇ ဆင့်ခွဲ၍ အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး၊ ပထမအဆင့်ကို ၂၀၃၁ ခုနှစ်တွင် စတင်လည်ပတ်နိုင်ရန် ရည်မှန်းထားသည်။ ဆိပ်ကမ်းတစ်ခုလုံး အပြီးသတ်ပါက တစ်နှစ်လျှင် ကုန်သေတ္တာပေါင်း ၁၆.၉ သန်း (TEU) ကို ကိုင်တွယ်နိုင်မည်ဖြစ်ပြီး ဗီယက်နမ်နိုင်ငံ၏ ပင်လယ်ရေကြောင်းကုန်သွယ်မှုကို အဓိကမြှင့်တင်ပေးမည့် စီမံကိန်းကြီးတစ်ခု ဖြစ်လာမည်ဖြစ်သည်။ ဟိုချီမင်းစီးတီး အာဏာပိုင်များကလည်း ဤစီမံကိန်းသည် ဒေသတွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါရုံသာမက နိုင်ငံတကာအဆင့်မီ ဆိပ်ကမ်းကွန်ရက်တစ်ခု ဖြစ်လာစေရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။
ဗီယက်နမ်၊ဟိုချီမင်းစီးတီးရှိ ဒေါ်လာ ၄.၉ ဘီလီယံတန်ဖိုးရှိ အပြည်ပြည်ဆိုင်ရာ ကုန်သေတ္တာကူးပြောင်းတင်ဆောင်ရေး ဆိပ်ကမ်းစီမံကိန်းအတွက် တင်ဒါတင်သွင်း
Apr 10 • 2:56 AM
Vietnam
Local News
Share
| 13 | 0 | 0 | 0 |


