back

ရခိုင်တွင် သင်္ကြန်နားနီး၍ ငွေထုတ်ခဈေးနှုန်း ပြန်တက်

Apr 10 • 2:55 AM

breaking-news

Myanmar

Rakhine

cover

ရခိုင်တွင် သင်္ကြန်နားနီး၍ ငွေထုတ်ခဈေးနှုန်း ပြန်တက်

မကြာမီ ရက်ပိုင်းအတွင်း သင်္ကြန်ကျတော့မည်ဖြစ်၍ ရခိုင်ပြည်တွင် ငွေထုတ်သူများပြားသည်ဟုဆိုကာ ငွေလွှဲငွေထုတ် အေးဂျင့်များမှ ငွေထုတ်ခနှုန်းထားကို မြှင့်တင်ထားကြကြောင်...

မကြာမီ ရက်ပိုင်းအတွင်း သင်္ကြန်ကျတော့မည်ဖြစ်၍ ရခိုင်ပြည်တွင် ငွေထုတ်သူများပြားသည်ဟုဆိုကာ ငွေလွှဲငွေထုတ် အေးဂျင့်များမှ ငွေထုတ်ခနှုန်းထားကို မြှင့်တင်ထားကြကြောင်း စုံစမ်းသိရသည်။ ပြည်မနှင့် ပြည်ပရောက် ရခိုင်ပြည်သူများမှာ ပြည်တွင်းရှိ မိသားစုဝင်များအတွက် သင်္ကြန်ကာလ အသုံးပြုနိုင်ရန် ငွေလွှဲပြောင်းပေးမှုများ ရှိနေကြသည်။ ငွေလွှဲငွေထုတ် အေးဂျင့်ဆိုင်များက ငွေထုတ်သူများပြားလာ၍ ငွေသားရှားပါးနေသည်ဟုဆိုကာ ငွေထုတ်ခဈေးနှုန်းကို မြှင့်တင်ထားကြောင်း မြေပုံဒေသခံတစ်ဦးက ပြောသည်။ ကျပ် ၁ သိန်း ထုတ်ယူလျှင် ၁၀၀၀, ၁၅၀၀ ပေးရသည့် နှုန်းထားခမှာ တစ်နှစ်နီးပါးအထိ တည်ငြိမ်မှု ရှိခဲ့ပြီးနောက် ယခုရက်ပိုင်းအတွင်းမှာ ငွေထုတ်ခဈေးနှုန်း ပြန်တက်လာခြင်းဖြစ်သည်။

news-view-count-icon

27