တရုတ်နိုင်ငံ၏ ထိပ်တန်းဥပဒေပြုပုဂ္ဂိုလ် ကျောက်လဲ့ကျိနှင့် ပေါ်တူဂီနိုင်ငံ လွှတ်တော်ဥက္ကဋ္ဌ ဟိုဆေး ပက်ဒရို အဂွီအာ-ဘရန်ကိုတို့သည် တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ဧပြီ ၈ ရက်က တွေ့ဆုံဆွေးနွေးခဲ့ရာ နှစ်နိုင်ငံကြား လက်တွေ့ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီ ဥက္ကဋ္ဌဖြစ်သူ ကျောက်က တရုတ်နိုင်ငံနှင့် ပေါ်တူဂီနိုင်ငံတို့သည် အစဉ်အဆက် ချစ်ကြည်ရင်းနှီးမှုရှိသော နိုင်ငံများဖြစ်သကဲ့သို့ အပြန်အလှန်လေးစားမှု၊ အပြန်အလှန်ယုံကြည်မှုနှင့် နှစ်ဖက်စလုံးအတွက် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်များဖြစ်ကြသည်ဟု ဆိုသည်။တရုတ်နိုင်ငံအနေဖြင့် မိမိတို့၏ ကိုယ်စီ ပင်မအကျိုးစီးပွားများနှင့် အဓိက အလေးထားစရာ ကိစ္စရပ်များကို အပြန်အလှန်လေးစားကာ တန်းတူညီမျှရှိမှု၊ စိတ်ရင်းမှန်ဖြင့် အပြန်အလှန်ဆွေးနွေးမှုတို့အပေါ် အခြေခံလျက် တူညီဆန္ဒများကို စဉ်ဆက်မပြတ် စုစည်းတည်ဆောက်ကာ တိုးချဲ့သွားရန်အတွက် ပေါ်တူဂီနိုင်ငံနှင့် လက်တွဲလုပ်ဆောင်ရန် ဆန္ဒရှိသည်ဟု ကျောက်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံနှင့် ပေါ်တူဂီနိုင်ငံ ဥပဒေပြုအဖွဲ့များက နှစ်နိုင်ငံ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် သဘောတူညီ
Apr 10 • 1:52 AM
China
Local News
Share
| 8 | 0 | 0 | 0 |


