back

ပြည်တွင်း၌ ကားခ စျေးမြင့်ချိန် ရထားစီးလာသူ များသော်လည်း  အွန်လိုင်းလက်မှတ်စနစ် အခက်အခဲကြုံလာ

Apr 10 • 1:47 AM

breaking-news

Myanmar

Local

cover

ပြည်တွင်း၌ ကားခ စျေးမြင့်ချိန် ရထားစီးလာသူ များသော်လည်း  အွန်လိုင်းလက်မှတ်စနစ် အခက်အခဲကြုံလာ

ယခုနောက်ပိုင်းတွင် စက်သုံးဆီမြင့်မားမှုအပေါ် အကြောင်းပြကာ အဝေးပြေးယာဉ်စီးနင်းခများ တိုးမြှင့်သတ်မှတ် လာခြင်းကြောင့် ခရီးသွားအများစုမှာ ရထားကိုစီးနင်းလာကြသော်လည်...

ယခုနောက်ပိုင်းတွင် စက်သုံးဆီမြင့်မားမှုအပေါ် အကြောင်းပြကာ အဝေးပြေးယာဉ်စီးနင်းခများ တိုးမြှင့်သတ်မှတ် လာခြင်းကြောင့် ခရီးသွားအများစုမှာ ရထားကိုစီးနင်းလာကြသော်လည်း အွန်လိုင်းလက်မှတ်စနစ်တွင် အခက်အခဲများ ကြုံလာရပြီး နစ်နာမှုများဖြစ်လာကြောင်း ခရီးသွားများထံမှ သိရသည်။ထိုကြုံတွေ့ခြင်းမှာ ဧပြီလ ၁၁ ရက်ခရီးစဉ်အတွက် ဧပြီလ ၀၅ ရက် နံနက်ကတည်းက ကြိုတင်ဝယ်ယူထားစဉ် ကြုံလာရခြင်း ဖြစ်ပြီး ငွေချေပြီးလက်မှတ်မကျလာသူများအနေဖြင့် အသုံးပြုခဲ့သောမှတ်ပုံတင်အမှတ်၊ ထွက်ခွာမည့်ရက်တို့ကို မှန်ကန်စွာထည့်သွင်း၍ ဝယ်ယူထားသောလက်မှတ်ကို ဝင်ရောက်စစ်ဆေးကြည့်ရှု သင့်ကြောင်း၊ ထိုသို့ရှာဖွေရာတွင် အခက်အခဲများကြုံပါက Hotline 1188 သို့လည်းကောင်း၊ ORTP Info by မြန်မာ့မီးရထား၏ Messenger မှလည်းကောင်း ဆက်သွယ်ရန်လည်း ဆိုထားသည်။လတ်တလောတွင် ရထားလက်မှတ်ခမှာ အဝေးပြေးကားလက်မှတ်ခထက် အဆများစွာလျော့ပါးသက်သာနေပြီး သင်္ကြန်ပိတ်ရက် ဇာတိပြန်မည့်သူများအတွက် အားထားစရာဖြစ်နေပါသည်။

news-view-count-icon

27