ထိုင်းနိုင်ငံ၌ ဒုတိယကမ္ဘာစစ်အတွင်းက တည်ဆောက်ခဲ့တဲ့ သမိုင်းဝင် " သေမင်းတမန် ရထားလမ်း" အစိတ်အပိုင်းတွေကို ဝိဇယလောင်ကွန်း ရေကာတာ ရေမျက်နှာပြင် သိသိသာသာ လျော့ကျသွားတာကြောင့် ရန်တီ (Ranti) မြစ်ထဲမှာ ၄၂ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပြန်လည်တွေ့ရှိခဲ့ရပါတယ်။ အဲဒီနေရာမှာ ရထားခေါင်းတွေအတွက် ရေဖြည့်ပေးတဲ့ ၁၀ မီတာ ပတ်လည်ရှိတဲ့ ကွန်ကရစ် ရေကန်ကြီးနဲ့အတူ ၄ မီတာခန့် အကျယ်ရှိတဲ့ လမ်းဟောင်းတွေကိုပါ တွေ့မြင်ခဲ့ရတာ ဖြစ်ပါတယ်။ဒီဖြစ်စဉ်ဟာ ၁၉၈၄ ခုနှစ်မှာ ရေကာတာ တည်ဆောက်ပြီးစီးချိန်ကစလို့ ပထမဆုံးအကြိမ် ပြန်ပေါ်လာတာဖြစ်ပြီး ၂၀၂၆ ခုနှစ် ဧပြီလကနေ ဇွန်လအထိ အချိန်တိုအတွင်းမှာပဲ မြင်တွေ့ခွင့်ရမှာ ဖြစ်ပါတယ်။ သမိုင်းကြောင်းကို စိတ်ဝင်စားတဲ့ ခရီးသွားတွေအနေနဲ့ အခု သင်္ကြန်ကာလအတွင်းမှာ သမိုင်းဝင်နေရာအစစ်အမှန်ကို လာရောက်လေ့လာကြဖို့လည်း ဒေသခံတွေက ဖိတ်ခေါ်ထားပါတယ်။ဒီလမ်းကို " သေမင်းတမန် ရထားလမ်း" လို့ ခေါ်ရတာကတော့ တည်ဆောက်ရေးကာလအတွင်းမှာ မဟာမိတ်သုံ့ပန်းတွေနဲ့အတူ မြန်မာ၊ အိန္ဒိယ၊ မလေးရှားအပါအဝင် အာရှလုပ်သားပေါင်း သိန်းနဲ့ချီပြီး အဓမ္မစေခိုင်းခံခဲ့ရလို့ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံ ဆန်ခလဘူရီ မှ Ranti မြစ်၌ ရေကျပြီးနောက် ၄၂နှစ်အတွင်း ပထမဆုံးအကြိမ် သေမင်းတမန်ရထားလမ်း ပြန်ပေါ်လာ
Apr 10 • 1:46 AM
Thailand
Local News
Share
| 21 | 0 | 0 | 0 |


