ထိုင်းနိုင်ငံ Khon Kaen ခရိုင်ရဲ့ ဟင်းသီးဟင်းရွက်ဈေးကွက်မှာ သံပုရာသီးဈေး စံချိန်တင်မြင့်တက်နေပြီး အိတ်ကြီးတစ်အိတ်ကို ဘတ် ၂,၀၀၀ (တစ်လုံးကို ၈ ဘတ်နီးပါး) မြင့်တက်လာပါတယ်။ ဒါဟာ ၃-၄ နှစ်အတွင်း အမြင့်ဆုံးဈေးဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ လောင်စာဆီဈေး မြင့်တက်လာတာ၊ ရာသီဥတုပူပြင်းတာတွေကြောင့် အခုလို ဈေးတက်သွားတာဖြစ်ပြီး ဒီဇယ်ဈေး သိသိသာသာ တက်လာတဲ့နောက် သံပုရာသီးသယ်ခက အရင်က ၅,၅၀၀ ဘတ်ရှိရာကနေ အခုဆို ၆,၅၀၀ ဘတ် (ဘတ် ၁ ထောင်အထိ မြင့်တက်သွားပြီး) အထိရှိလာပါတယ်။ဒေသခံဈေးသည် Ms.Sasivimol ရဲ့ အဆိုအရ ဒီဈေးကို လွန်ခဲ့တဲ့ ၃-၄ နှစ်အတွင်း ကြားတောင်မကြားဖူးဘဲအခုမှပဲ မြင်ဖူးတာဖြစ်ကြောင်း၊ အရည်အသွေးကောင်းတဲ့ သံပုရာသီး တစ်လုံးကို ၈ ဘတ်နဲ့ သာမန် အသီးတွေဆို ၄ ဘတ်ဝန်းကျင်ရှိနေတာပါ။ ဈေးကွက်အတွင်းမှာ အလုံး ၃၀၀ ပါတဲ့ အိတ်တစ်အိတ်ကို လက်လီဈေး ဘတ ၂,၀၀၀ အထိဖြစ်လာတယ်လို့ဆိုပါတယ်။



