back

တရုတ်သမ္မတက ဝန်ဆောင်မှုကဏ္ဍ အရည်အသွေးမြင့်တိုးတက်ရေး မြေပြင်သစ် ဖော်ဆောင်ရန် တိုက်တွန်း

Apr 10 • 1:52 AM

breaking-news

China

Local News

cover

တရုတ်သမ္မတက ဝန်ဆောင်မှုကဏ္ဍ အရည်အသွေးမြင့်တိုးတက်ရေး မြေပြင်သစ် ဖော်ဆောင်ရန် တိုက်တွန်း

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ဖြစ်သူ ရှီက ပေကျင်းမြို့၌ ဧပြီ ၇ ရက်မှ ၈ ရက်အထိ ကျင်းပသော ဝန်ဆောင်...

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ဖြစ်သူ ရှီက ပေကျင်းမြို့၌ ဧပြီ ၇ ရက်မှ ၈ ရက်အထိ ကျင်းပသော ဝန်ဆောင်မှုကဏ္ဍ အမျိုးသားကွန်ဖရင့်သို့ ပေးပို့သည့် ညွှန်ကြားချက်၌ အထက်ပါအတိုင်း မှတ်ချက်ပြုပြောကြားခဲ့ခြင်း ဖြစ်သည်။ တရုတ်နိုင်ငံ၏ ဝန်ဆောင်မှုကဏ္ဍသည် ၁၈ ကြိမ်မြောက် CPC ပြည်လုံးဆိုင်ရာကွန်ဂရက်မှစ၍ ပမာဏအားဖြင့် တည်ငြိမ်စွာ တိုးချဲ့လျက်ရှိသလို အရည်အသွေးပိုင်းနှင့် ထိရောက်မှုပိုင်းတွင်လည်း စဉ်ဆက်မပြတ် တိုးတက်လာခဲ့ကြောင်း၊ စက်မှုလုပ်ငန်းဆိုင်ရာ အဆင့်မြှင့်တင်မှု ပံ့ပိုးခြင်း၊ ပြည်သူများ၏ လူမှုဘဝလိုအပ်ချက်များကို ပြည့်စုံစေခြင်းနှင့် အလုပ်အကိုင်တိုးတက်မှု မောင်းနှင်ပေးခြင်း စသဖြင့် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း ရှီက ပြောကြားခဲ့သည်။ ရှီက ဝယ်လိုအားအခြေပြုဖွံ့ဖြိုးတိုးတက်မှု၊ ပြုပြင်ပြောင်းလဲရေး အောင်မြင်မှုများ၊ နည်းပညာတွန်းအားပေးမှု၊ တံခါးဖွင့်လှစ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု စသည်တို့ကို အလေးထားလျက် ဝန်ဆောင်မှုကဏ္ဍ၌ စွမ်းဆောင်ရည်ပိုင်း တိုးချဲ့ခြင်းနှင့် အရည်အသွေးပိုင်း အဆင့်မြှင့်တင်ခြင်းတို့အား ဆက်လက်လုပ်ဆောင်ကြရန်လည်း တိုက်တွန်းပြောကြားခဲ့သည်။

news-view-count-icon

8