သင်္ကြန်ပွဲတော်နီးကပ်လာသည်နှင့်အမျှ စျေးကွက်အတွင်း သင်္ကြန်ပစ္စည်းများလည်း အရောင်းအဝယ်ကောင်းနေကြောင်း သိရသည်။ရေကစားပစ္စည်းများဖြစ်သည့် ရေပန်းတိုင်၊ ရေသေနတ်၊ ပလတ်စတစ်ဘူးများနှင့်အတူ သင်္ကြန်အထိမ်းအမှတ် အဝတ်အစားများ၊ ခါးပတ်များ၊ အလှဆင်ပစ္စည်းများကိုလည်း ဝယ်ယူသူများ များပြားလာသည်ဟု ရောင်းချသူများက ပြောသည်။ထို့ပြင် အွန်လိုင်းဈေးကွက်များတွင်လည်း သင်္ကြန်ပစ္စည်းများကို ကြိုတင်မှာယူမှုများ မြင့်တက်လာပြီး ပို့ဆောင်ရေးလုပ်ငန်းများလည်း အလုပ်များလာကြောင်း သိရသည်။



