ဧပြီလ ၉ ရက်နေ့၊ မနက်၄ နာရီခွဲ အချိန်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ရန်ကုန်-ပုသိမ် ကားလမ်း၊ ဇီးဖြူကျွန်းကျေးရွာအုပ်စု၊ ဇီးဖြူကျွန်းကျေးရွာအနီး မိုင်တိုင်အမှတ် (၂၆/၃) နှင့် (၂၆/၄) ကြားတွင် ရန်ကုန် မှ ပုသိမ် သို့မောင်းနှင်လာသော Nissan Diesel (အဖြူရောင်) ယာဉ်သည် ယာဉ်မောင်းအိပ်ငိုက်၍ ဆီတန်းစီရန် ရပ်ထားသော Nissan Condor (အဖြူနှင့်အစိမ်းရောရောင်) ယာဉ်အား နောက်မှဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း
သိရသည်။အဆိုပါ သတင်းရရှိသဖြင့် ညောင်တုန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း ၊ယင်းဖြစ်စဉ်ကြောင့် Nissan Condor (အဖြူနှင့်အစိမ်းရောရောင်) ယာဉ်ပေါ်ပါ ကျား(၁)ဦး (ေ-သဆုံး)အား ဆားမလောက်ကျေးရွာမှ နိဗ္ဗာန်ယာဉ်ဖြင့် ညောင်တုန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီး Nissan Diesel (အဖြူရောင်) ယာဉ်ပေါ်ပါကျား (၂)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)တို့အား လူငယ်ရိပ်မွန် လူမှုကယ်ဆယ်ရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် ဆားမလောက် တောင်သူလယ်သမား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။



