back

တာဝါတိုင်သံဘောင်များဖြုတ်ခိုးခံရပြီး လေပြင်းတို_က်ခတ်မှုကြောင့်ကျိုးကျခဲ့သည့် တာဝါတိုင်(၂)တိုင်အနက် (၁)တိုင်အားရာနှုန်းပြည့်ပြင်ဆင်ပြီးဖြစ်

Apr 09 • 2:39 PM

breaking-news

Myanmar

Mandalay

cover

တာဝါတိုင်သံဘောင်များဖြုတ်ခိုးခံရပြီး လေပြင်းတို_က်ခတ်မှုကြောင့်ကျိုးကျခဲ့သည့် တာဝါတိုင်(၂)တိုင်အနက် (၁)တိုင်အားရာနှုန်းပြည့်ပြင်ဆင်ပြီးဖြစ်

ပခုက္ကူမြို့နယ်ရှိ ၁၃၂ ကေဗွီ ညောင်ပင်ကြီး-ဗုဒ္ဓကုန်း line fault ၏ တာဝါတိုင်(၂)တိုင်မှသံဘောင်များဖြုတ်ခိုးခံရပြီးနောက် ဧပြီ ၆ ရက်ညပိုင်းက လေပြင်းတို_က်ခတ်မှုကြော...

ပခုက္ကူမြို့နယ်ရှိ ၁၃၂ ကေဗွီ ညောင်ပင်ကြီး-ဗုဒ္ဓကုန်း line fault ၏ တာဝါတိုင်(၂)တိုင်မှသံဘောင်များဖြုတ်ခိုးခံရပြီးနောက် ဧပြီ ၆ ရက်ညပိုင်းက လေပြင်းတို_က်ခတ်မှုကြောင့် ယင်း တာဝါတိုင်(၂)တိုင်မှာ ကျိုးကျသွားခဲ့ကြောင်း ပခုက္ကူလျှပ်စစ်ထံမှ သိရသည်။ထို့ကြောင့် ဧပြီ ၆ ရက်ည ၁၀ နာရီခန့်မှစတင်၍ ၁၃၂ ကေဗွီ ညောင်ပင်ကြီး(မုံရွာ)-ဗုဒ္ဓကုန်း(ပခုက္ကူ) ဓာတ် အားလိုင်း Line Fault နှင့် ပခုက္ကူတစ်နယ်လုံး၌ လျှပ်စစ်ဓာတ်အားပြတ်တောက်သွားခဲ့ကြောင်း သိရသည်။ထိုသို့ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုအား သက်ဆိုင်ရာလျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများက ပြန်လည်ပြုပြင်ခဲ့ကြသဖြင့် ကျိုးကျသွားသည့် တာဝါတိုင်(၂)တိုင်အ နက် (၁)တိုင်ကို ယနေ့ ဧပြီ ၉ ရက်တွင် ရာနှုန်းပြည့်ပြင်ဆင်ပြီးစီးခဲ့၍ မနက်ဖြန် ဧပြီ ၁၀ ရက်တွင် လျှပ်စစ်ဓာတ်အားပြန်လည်ပို့လွှတ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။




news-view-count-icon

24