back

ထိုင်းနိုင်ငံ အဟောင်းပစ္စည်းစက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာအမျိုးသမီး လုပ်သားတစ်ဦး စက္ကူဖာပိ သေဆုံး

Apr 09 • 2:37 PM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံ အဟောင်းပစ္စည်းစက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာအမျိုးသမီး လုပ်သားတစ်ဦး စက္ကူဖာပိ သေဆုံး

ထိုင်းနိုင်ငံ၊ လယောင်မြို့နယ်၊ ဘန်ချန်မြို့မှာရှိတဲ့ အဟောင်းပစ္စည်းစက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာအမျိုးသမီးတစ်ဦးဟာ လုပ်ငန်းခွင်အတွင်း အလေးချိန်ရှိတဲ့ စက္ကူဖာပြ...

ထိုင်းနိုင်ငံ၊ လယောင်မြို့နယ်၊ ဘန်ချန်မြို့မှာရှိတဲ့ အဟောင်းပစ္စည်းစက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာအမျိုးသမီးတစ်ဦးဟာ လုပ်ငန်းခွင်အတွင်း အလေးချိန်ရှိတဲ့ စက္ကူဖာပြိုကျရာကနေ ပိမိကာ သေဆုံးခဲ့တယ်လို့ အလုပ်သမားမဟာမိတ်အဖွဲ့ (WAG) ဆီကနေ သိရပါတယ်။အသက် ၂၉ နှစ်အရွယ် သေဆုံးသူ အမျိုးသမီးဟာ အဲ့ဒီစက်ရုံမှာ အလုပ်ဝင်ရောက်လုပ်တာဟာ ၄ ရက်ခန့်သာရှိသေးပြီး ဒီကနေ့ ဧပြီ ၉ ရက် မနက် ၁၀ နာရီခွဲအချိန်မှာ လုပ်ငန်းခွင်အတွင်း အခုလို အဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။သူမဟာ ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပလွန်စာကျေးရွာမှာ နေထိုင်သူဖြစ်ပြီး သေဆုံးမှုအတွက် မိသားစုဝင်များက အလုပ်သမားမဟာမိတ်အဖွဲ့ (WAG) ဆီကို အကူအညီ တောင်းခံထားတယ်လို့ သိရပါတယ်။



news-view-count-icon

11