back

တောင်ကြီးမြို့၊ ကံသာရပ်ကွက်တွင် ခွေးလေခွေးလွင့်များကြောင့် ခွေးကိုက်ခံရမှု မကြာခဏ ဖြစ်ပွားနေ

Apr 09 • 1:33 PM

breaking-news

Myanmar

Shan

cover

တောင်ကြီးမြို့၊ ကံသာရပ်ကွက်တွင် ခွေးလေခွေးလွင့်များကြောင့် ခွေးကိုက်ခံရမှု မကြာခဏ ဖြစ်ပွားနေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကံသာရပ်ကွက်အတွင်း ခွေးလေခွေးလွင့်များ များပြားနေပြီး ရပ်ကွက်နေ ပြည်သူများ ခွေးကိုက်ခံရမှုများ မကြာခဏ ဖြစ်ပွားနေကြောင်း ...

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကံသာရပ်ကွက်အတွင်း ခွေးလေခွေးလွင့်များ များပြားနေပြီး ရပ်ကွက်နေ ပြည်သူများ ခွေးကိုက်ခံရမှုများ မကြာခဏ ဖြစ်ပွားနေကြောင်း သိရသည်။ကံသာရပ်ကွက်၊ မေတ္တာရှင်ဆေးရုံအနီးရှိ အောင်မြတ်လမ်းတွင် ပြီးခဲ့သည့် ဧပြီလ ၆ ရက်နေ့ တစ်ရက် အတွင်း ခွေးကိုက်ခံရမှု ၆ ကြိမ်ဖြစ်ပွားခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကာ ကျန် ၃ ဦးမှာ အဝတ်အစား အနည်းငယ်သာ ကိုက်မိသဖြင့် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်း သိရသည်။ခွေးကိုက်ခံရသည့် ၃ ဦးအနက် အသက် ၅ နှစ်ဝန်းကျင်အရွယ် ကလေးငယ် ၂ ဦးတွင် လက်မောင်းနှင့် ပခုံး ဒဏ်ရာများ ရရှိခဲ့ပြီး အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးတွင် ခြေသလုံးပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ခွေးကိုက်ခံရသူများမှာ ယင်းရပ်ကွက်အတွင်း နေထိုင်သူများဖြစ်ပြီး တစ်ဦးလျှင် ဆေးဖိုး ကျပ်တစ်သိန်းခွဲခန့် ကုန်ကျခဲ့သည့်အတွက် အခြေခံလူတန်းစားများအတွက် အခက်အခဲ ဖြစ်ပေါ်နေရကြောင်း သိရသည်။




news-view-count-icon

24