back

ညောင်ရွှေမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီးဖမ်းဆီးရမိ

Apr 09 • 1:32 PM

breaking-news

Myanmar

Shan

cover

ညောင်ရွှေမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီးဖမ်းဆီးရမိ

ဧပြီလ ၅ ရက်နေ့ ည ၆ နာရီ ၅ မိနစ်အချိန်တွင် ညောင်ရွှေမြို့နယ်၊ နန်းပန်- ညောင်ရွှေသွားကားလမ်း မြောင်းရိုးကျေးရွာအနီး၌ အမှတ်(၁၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင် မ...

ဧပြီလ ၅ ရက်နေ့ ည ၆ နာရီ ၅ မိနစ်အချိန်တွင် ညောင်ရွှေမြို့နယ်၊ နန်းပန်- ညောင်ရွှေသွားကားလမ်း မြောင်းရိုးကျေးရွာအနီး၌ အမှတ်(၁၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင် များက ယာဉ်စစ်ဆေးခြင်းများဆောင်ရွက်နေစဉ် နန်းပန်ဘက်မှ ညောင်ရွှေဘက်သို့ အောင်ပန်းမြို့၊ ရွာသစ်ရပ်ကွက်နေ ရဲထွန်းနိုင်(၃၆)နှစ် မောင်းနှင်လာသည့် YGN-22 5D-xxxx ISUZU BIGHORN မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ကြောင်း သိရသည်။ယင်းသို့စစ်ဆေးရာ ယာဉ်နှင့်ပတ်သက်သည့်အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်းသိရှိရသဖြင့် ရဲထွန်းနိုင်အား ညောင်ရွှေမြို့မရဲစခန်း (ပ)၅၀/၂၀၂၆၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။


news-view-count-icon

20