back

ထိုင်းအာဏာပိုင်များမှ မွန်သံဃာတစ်ပါးကို တရားမဝင်နေထိုင်မှုဖြင့် လူဝတ်လဲဖမ်းဆီး

Apr 09 • 2:52 AM

breaking-news

Thailand

Local News

cover

ထိုင်းအာဏာပိုင်များမှ မွန်သံဃာတစ်ပါးကို တရားမဝင်နေထိုင်မှုဖြင့် လူဝတ်လဲဖမ်းဆီး

ထိုင်းနိုင်ငံ၊ ချွန်ဖွန်ခရိုင်၊ ပသီယူမြို့နယ် (Pathio District)၊ ခေါင်းချိုင်ရတ်ကျေးရွာအုပ်စု (Khao Chaiyarat Subdistrict) အတွင်းရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းတ...

ထိုင်းနိုင်ငံ၊ ချွန်ဖွန်ခရိုင်၊ ပသီယူမြို့နယ် (Pathio District)၊ ခေါင်းချိုင်ရတ်ကျေးရွာအုပ်စု (Khao Chaiyarat Subdistrict) အတွင်းရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် တရားမဝင် ဝင်ရောက်နေထိုင်နေသည့် မွန်သံဃာတစ်ပါးကို ထိုင်းအဏာပိုင်များက ဖမ်းဆီးရခဲ့ကြောင်း သိရသည်။ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ဒေသခံများက ခေါင်းချိုင်ရတ်ကျေးရွာအုပ်စုရှိ ဘုန်းကြီးကျောင်းအတွင်း မျက်နှာစိမ်း သံဃာများ တရားမဝင် နေထိုင်နေကြောင်း ချွန်ဖွန်ခရိုင် လုံခြုံရေးတာဝန်ရှိသူများထံ တိုင်ကြားခဲ့သည်။ထို့ကြောင့် ချွန်ဖွန်ခရိုင် ထိုင်းရဲတပ်ဖွဲ့များ၊ ထိုင်းသံဃာတော်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ အဆိုပါဘုန်းကြီးကျောင်းအား ဝင်ရောက်စစ်ဆေးခဲ့ကာ ယိန်လိုင် (Yean Lai / เยี่ยน ลาย) ဟု ခေါ်သည့် မြန်မာနိုင်ငံသား မွန်လူမျိုး သံဃာတစ်ပါး အထောက်အထားမဲ့ နေထိုင်နေသည်ကို စိစစ်တွေ့ရှိခဲ့သည်။ဖမ်းဆီးခံရသူ မွန်သံဃာက ၎င်းသည်ဝါတော် ၅ ဝါ သက်တမ်းရှိသည်ဟုဆိုသော်လည်း သက်ဆိုင်ရာ ဘုန်းကြီးကျောင်းထောက်ခံစာ တစ်စုံတစ်ရာမရှိသည့်အပြင် အခြားအထောက်အထားများလည်း မတွေ့ရသဖြင့် ထိုင်းရဲတပ်ဖွဲ့က လူဝတ်လဲစေကာ ဖမ်းဆီးခဲ့သည်ဟု သိရသည်။ထိုင်းရဲတပ်ဖွဲ့များက ကျောင်းအတွင်းရှိ ဦးဇင်း ၅ ပါးကိုလည်း တွေ့ဆုံမေးမြန်ခဲ့ပြီး ၎င်းအထဲမှ ထိုင်းနိုင်ငံသား ဦးဇင်းတစ်ပါးသာ သက်သေခံစာရွက်စာတမ်းအပြည့်အစုံရှိကြောင်း သိရသည်။

news-view-count-icon

25