back

PSG ကို ရှုံးနိမ့်ပြီးနောက် ဆလော့ကိုရာထူးမှ ထုတ်ပယ်ရန်လီဗာပူးလ်ပရိသတ် တောင်းဆို

Apr 09 • 2:53 AM

breaking-news

Myanmar

International

cover

PSG ကို ရှုံးနိမ့်ပြီးနောက် ဆလော့ကိုရာထူးမှ ထုတ်ပယ်ရန်လီဗာပူးလ်ပရိသတ် တောင်းဆို

ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့အဝေးကွင်းပွဲမှာ PSG အသင်းကို နှစ်ဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ပြီးနောက်နည်းပြ ဆလော့ ရာထူးကထွက်သင့်ပြီလို့လီဗာပူးလ်ပရိသတ်တွေ တော...

ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့အဝေးကွင်းပွဲမှာ PSG အသင်းကို နှစ်ဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ပြီးနောက်နည်းပြ ဆလော့ ရာထူးကထွက်သင့်ပြီလို့လီဗာပူးလ်ပရိသတ်တွေ တောင်းဆိုခဲ့ပါတယ်။PSG အသင်းနဲ့ပွဲမှာ လီဗာပူးလ်အသင်းကခံစစ်မှာ ငါးယောက်ထားကစားပြီး ဂိုးမပေးရအောင်ရည်ရွယ်ခဲ့ပါတယ်။ ဒါပေမဲ့လီဗာပူးလ်အသင်းခံစစ်ကဒမ်ဘီလီ၊ ခွာရတ်စကယ်လီယာ၊ ဒိုအူ၊ တို့ရဲ့တိုက်စစ်ကိုမထိန်းချုပ်နိုင်ဘဲ ဂိုးပေါက်ကန်ခွင့် ၁၈ ကြိမ်အထိပေးခဲ့ရတယ်။ PSG အသင်းတိုက်စစ်မှူး ဒမ်ဘီလီအပိုင်အခွင့်အရေးတွေ ဖြုန်းတီးခဲ့လို့သာလီဗာပူးလ်အသင်း အခုထက်ပိုပြီးဂိုးပြတ်မရှုံးခဲ့တာဖြစ်ပါတယ်။ဆာလာကိုမသုံးခဲ့ဘဲ ပွဲထွက်လူစာရင်းမှာဖလော်ရီယန်ဗက်ဇ်၊ အီကီတီကေ၊ လူစားဝင်ကစားသမားတွေအဖြစ် အီဆက်ခ်၊ဂတ်ပိုတို့နဲ့တိုက်စစ်ပုံဖော်ခဲ့တဲ့လီဗာပူးလ်အသင်းကတော့ဂိုးပေါက်ကန်ခွင့်သုံးကြိမ်သာရပြီး ဂိုးပေါက်တည့်တဲ့ကန်ခွင့်တစ်ကြိမ်မှမရတဲ့အထိအခြေအနေဆိုးခဲ့ပါတယ်။ဒါကြောင့်ပဲ လီီဗာပူးလ်အသင်းပရိသတ်တွေက" ပေါင်သန်း ၄၅၀ သုံးထားတာ ခံစစ်မှာငါးယောက်ထားကစားဖို့လား" ၊ " ရာထူးကနှုတ်ထွက်လိုက်ပါတော့၊တော်လောက်ပါပြီ" စတဲ့တောင်းဆိုသံတွေပြုလုပ်ကြပါတယ်။


news-view-count-icon

17