ပြည်တွင်းနှင့် ပြည်ပထွက်ခွာမည့် ခရီးသည်များကို လေဆိပ်များတွင် အချက်အလက်စစ်ဆေးမှုများ ယနေ့(ဧပြီ ၉ ရက်) မှစ၍ တိုးမြှင့်ဆောင်ရွက်မည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း MAI က အသိပေးထုတ်ပြန်သည်။ထို့ကြောင့် ခရီးသည်များအနေဖြင့် လေယာဉ်လက်မှတ် booking ပြုလုပ်ရာတွင် မှတ်ပုံံတင် အချက်အလက်များကို မှန်ကန်စွာဖြည့်သွင်းပေးပါရန်၊ Check-in ကောင်တာ၌ Check-in ပြုလုပ်ရာတွင် မှတ်ပုံတင် အချက်အလက်စစ်ဆေးမှုများ အသေးစိတ်ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ခရီးစဉ်နှောင့်နှေးမှုကြန့်ကြာမှုများ မဖြစ်စေရန် နှင့် စစ်ဆေးရေးလုပ်ငန်းစဉ်များအတွက် လုံလောက်သော အချိန်ရရှိစေရန်အတွက် သတ်မှတ်ချိန်ထက် ကြိုတင်ရောက်ရှိစေရန် လိုအပ်ကြောင်း စသည့်အချက်များကို လိုက်နာဆောင်ရွက်ပေးရန် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း MAI က အသိပေးထုတ်ပြန်သည်။
ပြည်တွင်း၊ ပြည်ပထွက်ခွာမည့် ခရီးသည်များကို လေဆိပ်များတွင် အချက်အလက်စစ်ဆေးမှုများ ယနေ့မှစ တိုးမြှင့်ဆောင်ရွက်
Apr 09 • 2:11 AM
Myanmar
Local
Share
| 42 | 0 | 0 | 0 |


