စက်သုံးဆီ အခက်အခဲကြောင့် မွန်ပြည်နယ်တွင် ကုန်ပစ္စည်းပို့ဆောင်ခ လေးဆခန့်အထိ မြင့်တက်လာကြောင်း ကုန်ပစ္စည်းပို့သူအချို့ထံမှ သိရသည်။ စက်သုံးဆီ ဝယ်ယူရခက်ခဲပြီး စျေးမြင့်တက်နေသောကြောင့် ယာဉ်စီးခနှုန်းထားများ မြင့်တက်လာသလို အနယ်နယ် အရပ်ရပ်သို့ ကုန်ပစ္စည်းတန်ဆာခလည်း မြင့်တက်လာကြောင်း ၎င်းတို့က ဆိုသည်။ “ဆီအခက်အခဲဖြစ်လို့ ဆီစျေးတက်လို့ဆိုပြီး တန်ဆာခတွေ အသားကုန်တောင်းတာ၊ ပို့နေကြ တစ်သောင်း၊ နှစ်သောင်းလောက်က အခု ရှစ်သောင်း၊ တစ်သိန်းအထိ တောင်းကြတာ။ ကုန်ပစ္စည်းတွေ စျေးတက်တာလည်း မပြောနဲ့တော့” ဟု ကုန်ပစ္စည်းပို့သူတစ်ဦးက ပြောသည်။ကားခ၊ ကုန်ပစ္စည်းပို့ဆောင်ခများ မြင့်တက်လာသည့်အတွက် ကုန်စျေးနှုန်းများလည်း ပစ္စည်းအမျိုးအစားပေါ်မူတည်ပြီး ထောင်ဂဏန်းမှ သောင်းဂဏန်းအထိ စျေးနှုန်း မြင့်တက်နေကြောင်း စျေးကွက်အတွင်းမှ သိရသည်။ 
| 24 | 0 | 0 | 0 |


