back

ထိုင်းနိုင်ငံ၊ဘန်ကောက်မှာ MRT ကတ်အဟောင်းတွေအစား ဘဏ်ကတ်နဲ့ တိုက်ရိုက်ပေးချေနိုင်မယ့် စနစ်သစ်သို့ ကူးပြောင်းမည်

Apr 09 • 1:57 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံ၊ဘန်ကောက်မှာ MRT ကတ်အဟောင်းတွေအစား ဘဏ်ကတ်နဲ့ တိုက်ရိုက်ပေးချေနိုင်မယ့် စနစ်သစ်သို့ ကူးပြောင်းမည်

ထိုင်းနိုင်ငံသယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက အများပြည်သူ ခရီးသွားလာစရိတ် သက်သာစေဖို့နဲ့ ပိုမိုအဆင်ပြေစေဖို့အတွက်  Common Ticketing စနစ်ကို အကောင်အထည်ဖော်နေပါတယ်။ အ...

ထိုင်းနိုင်ငံသယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက အများပြည်သူ ခရီးသွားလာစရိတ် သက်သာစေဖို့နဲ့ ပိုမိုအဆင်ပြေစေဖို့အတွက်  Common Ticketing စနစ်ကို အကောင်အထည်ဖော်နေပါတယ်။ အဓိကအားဖြင့် MRT Blue နဲ့ Purple Line တွေမှာ အရင်သုံးနေတဲ့ ကတ်ဟောင်းတွေကို ဖျက်သိမ်းပြီး EMV စနစ်သုံး ဘဏ်ကတ်တွေနဲ့ အစားထိုးသွားမှာ ဖြစ်ပါတယ်။၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်မှစတင်၍ - MRT နဲ့ MRT Plus ကတ်ဟောင်းတွေကို ဘူတာရုံအားလုံးမှာ အသုံးပြုခွင့် ရပ်စဲမှာ ဖြစ်ပါတယ်။အလိုအလျောက်ဂိတ်တွေမှာ အဲဒီကတ်တွေနဲ့ ဖြတ်လို့မရတော့ပါဘူး။ ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက် - ကတ်ဟောင်းတွေကို Mangmoom EMV ကတ်တွေနဲ့ အခမဲ့ လဲလှယ်နိုင်မယ့် နောက်ဆုံးရက် ဖြစ်ပါတယ်။ ကျောင်းသားတွေနဲ့ သက်ကြီးရွယ်အိုတွေအနေနဲ့ ခရီးစရိတ် လျှော့စျေးခံစားခွင့် ဆက်ရဖို့အတွက် ကတ်ဟောင်းတွေကို Mangmoom EMV ကတ်အဖြစ် ဒီဇင်ဘာလ ၃၁ ရက်နောက်ဆုံးထား အခမဲ့ လဲလှယ်ရမှာ ဖြစ်ပါတယ်။အသက် ၁၅ နှစ်အောက် ကလေးတွေအတွက်တော့ MRT EMV Student Card ကို ထုတ်ပေးမှာ ဖြစ်ပါတယ်။

news-view-count-icon

21