ထိုင်းနိုင်ငံတွင် လုပ်ငန်းခွင်အတွင်းထိခိုက်မှုဖြစ်ခဲ့သည့် မြန်မာအလုပ်သမားတစ်ဦး၏ နစ်နာကြေးဘတ် ၅၆၇၀၀၀ ကို ဧပြီ ၆ ရက်တွင်ရရှိခဲ့ကြောင်း ကူညီပေးခဲ့သည့် WAGအလုပ်မဟာမိတ်အဖွဲ့မှ သိရသည်။ ၎င်းအလုပ်သမားသည် လှခ်ျဘူလီမြို့နယ် ဒေါင်စိုင်ကျေးရွာအတွင်းရှိ စက်ရုံတစ်ရုံတွင် ဖေဖော်ဝါရီ ၇ ရက်၌ စက်သန့်ရှင်းရေးလုပ်ရာမှမတော်တဆဖြစ်ကာ ဘယ်ဘက်လက်ထိခိုက်ဒဏ်ရာရပြီး လက်ခလယ်တစ်ချောင်း ဖြတ်ပစ်ခဲ့ရသည်။၎င်းစက်ရုံတွင် အလုပ်လုပ်နေသည်မှာ ၁၀ နှစ်ခန့် သက်တမ်းရှိပြီဖြစ်ပြီး နစ်နာကြေးရရှိရန် WAG ထံ အကူအညီတောင်းခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



