၂၀၂၆ ခုနှစ် ချင်းမင်ပွဲတော် အားလပ်ရက်အတွင်း ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဈေးကွက်အခြေအနေကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ဧပြီ ၇ ရက်က ထုတ်ပြန်ခဲ့သည်။ အဆိုပါ အားလပ်ရက် ၃ ရက်အတွင်း နိုင်ငံတစ်ဝန်း ပြည်တွင်းခရီးသွားဧည့်သည် အကြိမ်ရေ ၁၃၅ သန်း ရှိပြီး ယခင်နှစ် ကာလတူထက် ၆.၈ ရာခိုင်နှုန်း တိုးလာကြောင်း၊ ပြည်တွင်းခရီးသွားလုပ်ငန်း စုစုပေါင်းသုံးစွဲငွေမှာ ယွမ် ၆၁.၃၆၇ ဘီလီယံရှိပြီး ယခင်နှစ် ကာလတူထက် ၆.၆ ရာခိုင်နှုန်း တိုးတက်လာကြောင်း တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဒေတာစင်တာက တွက်ချက်မှုအရ သိရသည်။



