back

CI ထုတ်ပေးရေးစခန်းများကို သင်္ကြန်တွင်း၌ ပိတ်ထားမည်

Apr 08 • 4:01 PM

breaking-news

Thailand

Local News

cover

CI ထုတ်ပေးရေးစခန်းများကို သင်္ကြန်တွင်း၌ ပိတ်ထားမည်

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက် မှတ်(CI)ထုတ်ပေးရေးစခန်းများဖွင့်လှစ်၍ ထုတ်ပေးလျက်ရှိသည်။ ထိုသို့ ထုတ်...

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက် မှတ်(CI)ထုတ်ပေးရေးစခန်းများဖွင့်လှစ်၍ ထုတ်ပေးလျက်ရှိသည်။ ထိုသို့ ထုတ်ပေးလျက်ရှိသော CI ထုတ်ပေးရေးစခန်းများကို မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ကာလဖြစ်သည့် ဧပြီ ၁၃ ရက်မှ ဧပြီ ၁၇ ရက်အထိ ယာယီပိတ်ပြီး လုပ်ငန်းများအားလုံးကိုရပ်နားထားမည်ဟု ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိရုံးထံမှ သိရသည်။ ဧပြီ ၁၈ ရက်မှစတင်၍ CI ထုတ်ပေးရေးစခန်းများကိုပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်ပြီး လုပ်ငန်းစဥ်များအားလုံးကို ပြန်လည်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။




news-view-count-icon

11