ရှမ်းပြည်နယ် မြောက်ပိုင်း၊ တန့်ယန်းမြို့၊ အောင်မေတ္တာ ဖုန်းဆိုင်၌ ယမန်နေ့ ဧပြီလ ၇ ရက်၊ ၁၁ နာရီခန့်တွင် ဝယ်သူ အယောင်ဆောင်ကာ ဖုန်း လုပြေးသူ ၂ ဦးကို ပြည်သူများက ဝိုင်းဝန်း ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။အဆိုပါ ဖုန်း လုယူပြေးသူ ၂ ဦးကို တန့်ယန်းရဲစခန်းတွင် ဖမ်းဆီးကာ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။



