ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၌ ဧပြီလ ၅ ရက်နေ့က ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသားတစ်ဦးသေဆုံးကာ အမျိုးသားလေးဦးနှင့် အမျိုးသမီးသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။စစ်ဆေးရာ သာဂရကျေးရွာဘက်မှ ရေတာရှည်မြို့ ဘက်သို့ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာနေ ဝေဇင်ထွန်း(၂၄)နှစ် မောင်းနှင်ပြီး တစ်ရွာတည်းနေ ဦးလှမြင့်(၆၃)နှစ်လိုက်ပါလာသည့် YGN-3 8N/xxxx LIGHT TRUCK ယာဉ်သည် အခင်းဖြစ်နေရာ အရောက် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ရောက်ရှိကာ မျက်နှာချင်းဆိုင်မှ တောင်ငူ မြို့နယ်၊ နတ်သျှင်နောင်ရပ်ကွက်နေ စွမ်းထက်မောင်(၃၈)နှစ် မောင်းနှင်ပြီး တစ်ရပ်ကွက်တည်းနေ မဇာခြည်လှိုင်(၃၈)နှစ်ပါအမျိုးသမီးသုံးဦးနှင့် အမျိုးသားသုံးဦး လိုက်ပါကာ ရေသန့်ကတ်များ တင်ဆောင်လာသည့် YGN-20 7A/xxxx NISSAN CONDOR ၆ ဘီးယာဉ်အား ဝင်ရောက်တိုက်မိခဲ့ သဖြင့် ဦးလှမြင့်တွင် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး စွမ်းထက်မောင်နှင့် မဇာခြည်လှိုင်ပါ ခြောက်ဦးတို့တွင်ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ဝေဇင်ထွန်းအား ဆွာနယ်မြေရဲစခန်းယာဉ်(ပ) ၃/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၇/ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။



