မြန်မာနိုင်ငံရှိ လူငယ်များကို ပြည်ပထွက်ခွာခွင့် နည်းမျိုးစုံကန့်သတ်နေပြီး (OWIC)ကတ်ရှိလျှက် လုပ်ငန်းကုပ္မဏီမတူ၍ ထွက်ခွာခွင့် ပယ်ချခံရသူ(၁၀၀)ကျော် ရှိနေကြောင်း သိရသည်။ပြည်ပအလုပ်အကိုင် သက်သေခံကတ်(OWIC)ရှိလည်း ကတ်တွင်ပါသည့် လုပ်ငန်းကုမ္ပဏီအမည်နှင့် အမှန်တကယ် သွားရောက်လုပ်ကိုင်မည့် ကုမ္ပဏီအမည် မတူခြင်းဟုဆိုကာ ပြည်ပထွက်ခွာခွင့် ပယ်ချခံရသူ (၁၁၀)ဦးထိရှိလာသည်ကို ယမာန်နေ့က အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်မှ သိရသည်။ထို့အပြင် ခွင့်ပြန်အလုပ်သမား ပြည်ပထွက်ခွာမည့်သူများကို လုပ်ငန်းကုမ္ပဏီHR၏ အီးမေးလ်၊ ဖုန်းနံပါတ်ပါ ထည့်သွင်းလျှောက်ထားရန် ကန့်သတ်ထားပြီး HRများကို ဆက်သွယ်ရနေသော်လည်း OWICကတ်ထုတ်မပေးသည့် ပြဿနာလည်း ကြုံနေရကြောင်း သိရသည်။ ပြည်ပထွက်ခွာခွင့်၊ ခွင့်ပြန်အလုပ်သမားများအပေါ် ကန့်သတ်ချက်များကြောင့် စောင့်ဆိုင်းရင်း ပြည်ပက လုပ်ငန်းရှင်များက ခွင့်ရက်ကျော်လျှင် မစောင့်တော့ဘဲ အသစ်များပြန်လည်ခန့်အပ်ခြင်းကြောင့် နစ်နာမှုလည်း ကြုံနေရကြောင်း သိရသည်။လမ်းကြောင်းရှင်းခ အနေဖြင့် လူတစ်ဦး အနည်းဆုံး(၃၅)သိန်းပေးဆောင်ရကြောင်း၊ အတိုးချေးငွေယူကာ သွားရောက်သူများစွာရှိကြောင်း သိရသည်။



