ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ရွှေစက်ရပ်ကွက်၊ နယ်မြေ ၁ မှာရှိတဲ့ စက်သုံးဆီ သိုလှောင်တဲ့ဂိုဒေါင်မှာ ဧပြီ ၈ ရက်နေ့ ၊ ၈ နာရီ ၃၅ မိနစ်လောက်မှာ မီးစတင်လောင်ကျွမ်းခဲ့ပြီး စက်သုံးဆီ သိုလှောင်တဲ့နေရာ ဖြစ်တာကြောင့် မီးလောင်အားပြင်းပြီး မီးလောင်ချိန်လည်း ကြာမြင့်ခဲ့တဲ့အတွက် ၂ နာရီကျော်လောက်အထိ ငြိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ် ။ ရပ်နားထားတဲ့ ဆီဘောက်ဆာကနေ ကားတိုင်ကီထဲကို ဆီလှယ်ရာကနေ ပိုက်ဆက်ကပြုတ်ပြီး မီးစတင်လောင်ကျွမ်းခဲ့တာ ဖြစ်ကြောင်းနဲ့ ဆုံးရှုံးမှု တန်ဖိုးကိုတော့ တွက်ချက်နေဆဲ ဖြစ်တယ်လို့ မြစ်ကြီးနားမြို့နယ်မီးသတ်ဦးစီးဌာနမှ သိရပါတယ် ။ မီးလောင်မှုကို မြစ်ကြီးနားမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တွေ နဲ့အတူ ဧရာဝတီကရုဏာလူမှုကူညီရေးအသင်း အပါအဝင် ဒေသခံတွေ ဝိုင်းဝန်းပူးပေါင်း ငြှိမ်းသတ်ခဲ့ကြောင်းသိရပါတယ်။



