back

ရွာငံမြို့နယ်တွင် မိုးသက်လေပြင်းကျရောက်ပြီး မိုးသီးများကျရောက်သဖြင့် နေအိမ်နှင့် စိုက်ခင်းအချို့ ပျက်စီးမှုရှိနေ

Apr 08 • 1:29 PM

breaking-news

Myanmar

Shan

cover

ရွာငံမြို့နယ်တွင် မိုးသက်လေပြင်းကျရောက်ပြီး မိုးသီးများကျရောက်သဖြင့် နေအိမ်နှင့် စိုက်ခင်းအချို့ ပျက်စီးမှုရှိနေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ နွားဘန်းကြီးကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အချို့၏ အမိုးများ လန်ထွက်သွားသည့်အပြင် ဝါးတဲနှင့် အခြေမခိုင်သည့်...

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ နွားဘန်းကြီးကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အချို့၏ အမိုးများ လန်ထွက်သွားသည့်အပြင် ဝါးတဲနှင့် အခြေမခိုင်သည့် အိမ်ဟောင်း ၄ လုံးမှ ၅ လုံးခန့် ပြိုကျပျက်စီးခဲ့သည်။လေပြင်းတိုက်ခတ်မှုကြောင့် လူထိခိုက်ဒဏ်ရာရမှု မရှိသော်လည်း ဒေသခံများ စိုက်ပျိုးထားသည့် နှစ်တိုသီးနှံများဖြစ်သော မုန်လာ၊ မုန်ညင်းနှင့် စပါးစိုက်ခင်းများ ပျက်စီးသွားကြောင်း သိရသည်။ပျက်ဆီးသွားသည့် နေအိမ်များပြန်လှည်တည်ဆောက်ရန် အခက်အခဲရှိနေပြီး နှစ်တိုသီးနှံများပျက်ဆီးသွားသည့်အတွက် စားနပ်ရိက္ခာများလည်း လိုအပ်နေကြောင်း သိရသည်။


news-view-count-icon

19