နိုင်ငံတကာ မိုးလေဝသသတင်းအချက်အလက်များကို ဖော်ပြသည့် El Dorado Weather ၏ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့ ထုတ်ပြန်ချက်အရ ကမ္ဘာ့အပူချိန်အမြင့်ဆုံးမြို့ ၁၅ မြို့စာရင်းတွင် မြန်မာနိုင်ငံမှ မင်းဘူးမြို့သည် အပူချိန် ၄၁.၅ ဒီဂရီဆဲလ်စီးယပ်ဖြင့် ဒုတိယနေရာ၌ ပါဝင်နေကြောင်း သိရှိရသည်။ ပြီးခဲ့သည့် ဧပြီလ ၆ ရက်နေ့တွင်လည်း မကွေးတိုင်းအတွင်းရှိ ချောက်၊ မင်းဘူးနှင့် မကွေးမြို့တို့သည် ကမ္ဘာ့အပူချိန်အမြင့်ဆုံးစာရင်းတွင် ပါဝင်ခဲ့ဖူးသည်။ လက်ရှိတွင် နေ့အပူချိန်များ ဆက်တိုက်မြင့်တက်နေသဖြင့် ပြည်သူများအနေဖြင့် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအတွင်း နေပူထဲသွားလာခြင်းကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ကြရန်နှင့် အပြင်ထွက်ပါက ထီး၊ ဦးထုပ် စသည့် အကာအကွယ်များအပြင် လေဝင်လေထွက်ကောင်းသော အဝတ်အထည်များကို ဝတ်ဆင်ရန် ကျန်းမာရေးပညာရှင်များက တိုက်တွန်းထားသည်။ ထို့ပြင် အပူဒဏ်ကြောင့် ကျန်းမာရေးထိခိုက်မှုမရှိစေရန် အရက်သေစာသောက်သုံးခြင်းကို ရှောင်ကြဉ်ပြီး ရေ သို့မဟုတ် ဓာတ်ဆားရည်ကို လုံလောက်စွာ သောက်သုံးပေးရန် အသိပေးနှိုးဆော်ထားပါသည်။
Apr 08 • 8:35 AM
Myanmar
Local
Share
| 35 | 0 | 0 | 0 |


