back

မန္တလေးသင်္ကြန်ကာလအတွင်း ကျုံးပတ်လည်၌ ယာဉ်မဝင်ရလမ်းများနှင့် ယာယီနှစ်လမ်းမောင်းများ သတ်မှတ်

Apr 08 • 8:34 AM

breaking-news

Myanmar

Mandalay

cover

မန္တလေးသင်္ကြန်ကာလအတွင်း ကျုံးပတ်လည်၌ ယာဉ်မဝင်ရလမ်းများနှင့် ယာယီနှစ်လမ်းမောင်းများ သတ်မှတ်

၂၀၂၆ ခုနှစ်၊ မန္တလေးမဟာသင်္ကြန်ပွဲတော်ရက်များအတွင်း ကျုံးပတ်လည်၌ ယာဉ်ကြောပိတ်ဆို့မှုမရှိစေရန်နှင့် အများပြည်သူအဆင်ပြေစွာ သွားလာနိုင်ရန်အတွက် ယာဉ်မဝင်ရလမ်းများနှ...

၂၀၂၆ ခုနှစ်၊ မန္တလေးမဟာသင်္ကြန်ပွဲတော်ရက်များအတွင်း ကျုံးပတ်လည်၌ ယာဉ်ကြောပိတ်ဆို့မှုမရှိစေရန်နှင့် အများပြည်သူအဆင်ပြေစွာ သွားလာနိုင်ရန်အတွက် ယာဉ်မဝင်ရလမ်းများနှင့် ယာယီနှစ်လမ်းမောင်းလမ်းများကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက သတ်မှတ်ထုတ်ပြန်လိုက်သည်။ ယာဉ်မဝင်ရလမ်းများအဖြစ် ကျုံးအရှေ့ဘက် ၆၆ လမ်း (၁၂ လမ်းမှ ၂၇ လမ်းအထိ) နှင့် ကျုံးတောင်ဘက် ၂၆ လမ်း (၆၅ လမ်းမှ ၇၈ လမ်းအထိ) တို့ကို သတ်မှတ်ထားသည့်အပြင်၊ ကျုံးအနောက်ဘက် လမ်း ၈၀ (ကျုံးဘက်ခြမ်း) နှင့် ကျုံးမြောက်ဘက် ၁၂ လမ်း (ကျုံးဘက်ခြမ်း) တို့တွင်လည်း ယာဉ်များဝင်ရောက်ခွင့်ကို တားမြစ်ထားသည်။ တစ်ဆက်တည်းမှာပင် ကျုံးတောင်ဘက် ၂၆ လမ်း၏ တောင်ဘက်ခြမ်း (၇၈ လမ်းမှ လမ်း ၈၀ ထိ)၊ ကျုံးအနောက်ဘက် လမ်း ၈၀ ၏ အနောက်ဘက်ခြမ်းနှင့် ကျုံးမြောက်ဘက် ၁၂ လမ်း၏ မြောက်ဘက်ခြမ်းတို့အား ယာယီနှစ်လမ်းမောင်းအဖြစ် မောင်းနှင်ခွင့်ပြုသွားမည်ဖြစ်သည်။ ယခုနှစ် မန္တလေးသင်္ကြန်တွင် မြို့တွင်း၌ ဖျော်ဖြေရေးနှင့် စတုဒိသာမဏ္ဍပ်ကြီးငယ် စုစုပေါင်း ၄၁ ခုအထိ ပါဝင်ဆင်နွှဲသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

26