back

အင်ဒိုနီးရှားတွင် ကလေးငယ် ၃၄ ဦးအား လူမှောင်ခိုကူးရောင်းချခဲ့သည့် ဂိုဏ်းတစ်ခုကို ဖော်ထုတ်

Apr 08 • 8:33 AM

breaking-news

Myanmar

International

cover

အင်ဒိုနီးရှားတွင် ကလေးငယ် ၃၄ ဦးအား လူမှောင်ခိုကူးရောင်းချခဲ့သည့် ဂိုဏ်းတစ်ခုကို ဖော်ထုတ်

အင်ဒိုနီးရှားနိုင်ငံတွင် ရင်သွေးစွန့်လွှတ်လိုသည့် မိဘများထံမှ ကလေးငယ် အနည်းဆုံး ၃၄ ဦးကို ရယူကာ လူမှောင်ခိုကူးရောင်းချခဲ့သည့် ရာဇဝတ်ဂိုဏ်းတစ်ခုအား ဖော်ထုတ်နိုင်ခ...

အင်ဒိုနီးရှားနိုင်ငံတွင် ရင်သွေးစွန့်လွှတ်လိုသည့် မိဘများထံမှ ကလေးငယ် အနည်းဆုံး ၃၄ ဦးကို ရယူကာ လူမှောင်ခိုကူးရောင်းချခဲ့သည့် ရာဇဝတ်ဂိုဏ်းတစ်ခုအား ဖော်ထုတ်နိုင်ခဲ့ကြောင်း အစိုးရရှေ့နေများက ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ အမျိုးသမီး ၁၈ ဦးနှင့် အမျိုးသားတစ်ဦး ပါဝင်သည့် အဆိုပါဂိုဏ်းသည် ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ဘန်ဒေါင်းမြို့တစ်ဝိုက်ရှိ မိဘများအား အွန်လိုင်းမှတစ်ဆင့် ရှာဖွေဆက်သွယ်ကာ ကလေးငယ်များကို စုဆောင်းခဲ့ခြင်းဖြစ်ပြီး၊ ၎င်းတို့အနက် ကလေးငယ် ၁၀ ဦးကို စင်ကာပူနိုင်ငံသို့ တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁၄,၀၀၀ နှုန်းဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။ လက်ရှိတွင် ဘန်ဒေါင်းမြို့ ခရိုင်တရားရုံး၌ စစ်ဆေးလျက်ရှိပြီး ပြစ်မှုထင်ရှားပါက ၎င်းဂိုဏ်းဝင်များကို အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်ကြောင်း သိရှိရပါသည်။

news-view-count-icon

23