back

အာဆင်နယ်ကွင်းလယ်လူဟောင်းနှင့် ဝေးလ်စ်အသင်းခေါင်းဆောင် အာရွန်ရမ်ဆေး ကစားသမားဘဝမှ အနားယူပြီဟု ကြေညာ

Apr 08 • 8:32 AM

breaking-news

Myanmar

International

cover

အာဆင်နယ်ကွင်းလယ်လူဟောင်းနှင့် ဝေးလ်စ်အသင်းခေါင်းဆောင် အာရွန်ရမ်ဆေး ကစားသမားဘဝမှ အနားယူပြီဟု ကြေညာ

ဝေးလ်စ်လက်ရွေးစင်အသင်းခေါင်းဆောင်နှင့် အာဆင်နယ်အသင်း၏ ကွင်းလယ်လူဟောင်း အာရွန်ရမ်ဆေး (Aaron Ramsey) သည် အသက် ၃၅ နှစ်အရွယ်တွင် ကစားသမားဘဝမှ အနားယူလိုက်ပြီဖြစ်ကြော...

ဝေးလ်စ်လက်ရွေးစင်အသင်းခေါင်းဆောင်နှင့် အာဆင်နယ်အသင်း၏ ကွင်းလယ်လူဟောင်း အာရွန်ရမ်ဆေး (Aaron Ramsey) သည် အသက် ၃၅ နှစ်အရွယ်တွင် ကစားသမားဘဝမှ အနားယူလိုက်ပြီဖြစ်ကြောင်း တရားဝင်အတည်ပြုကြေညာခဲ့သည်။ ပြီးခဲ့သည့်နှစ်က မက္ကဆီကိုကလပ် UNAM နှင့် လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေသည့် ရမ်ဆေးသည် ဝေးလ်စ်အသင်းအတွက် ၈၆ ပွဲကစားကာ ၂၁ ဂိုး သွင်းယူပေးခဲ့ပြီး ယူရို ၂၀၁၆၊ ၂၀၂၀ နှင့် ၂၀၂၂ ကမ္ဘာ့ဖလားတို့တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ဝေးလ်စ်ဘောလုံးသမိုင်း၏ အကောင်းဆုံးကစားသမားတစ်ဦးဖြစ်သည်။ အထူးသဖြင့် ဝေးလ်စ်အသင်းအား ယူရို ၂၀၁၆ ဆီမီးဖိုင်နယ်သို့ ပထမဆုံးအကြိမ် တက်ရောက်နိုင်အောင် အဓိကစွမ်းဆောင်ပေးခဲ့သူဖြစ်ပြီး ၎င်းအနေဖြင့် ကစားသမားဘဝမှ အနားယူပြီးနောက် နည်းပြလောကသို့ ကူးပြောင်းဝင်ရောက်ဖွယ်ရှိကြောင်း အားကစားသတင်းများ၏ ဖော်ပြချက်အရ သိရှိရပါသည်။

news-view-count-icon

17