back

ရန်ကုန်-မော်လမြိုင် ရထားလက်မှတ်များကို အပိုကြေးပေး၍ ဝယ်ယူနေရ

Apr 08 • 8:31 AM

breaking-news

Myanmar

Mon

cover

ရန်ကုန်-မော်လမြိုင် ရထားလက်မှတ်များကို အပိုကြေးပေး၍ ဝယ်ယူနေရ

ရန်ကုန်-မော်လမြိုင် ရထားလက်မှတ်များကို အပိုကြေးပေးကာ ဝယ်ယူနေရကြောင်း ရထားဖြင့် ခရီးသွားသူများထံမှ သိရသည်။ကြိုတင်လက်မှတ်ဝယ်ယူရာတွင် လက်မှတ်ကုန်ပြီဟုဆိုကာ အပိုကြေ...

ရန်ကုန်-မော်လမြိုင် ရထားလက်မှတ်များကို အပိုကြေးပေးကာ ဝယ်ယူနေရကြောင်း ရထားဖြင့် ခရီးသွားသူများထံမှ သိရသည်။ကြိုတင်လက်မှတ်ဝယ်ယူရာတွင် လက်မှတ်ကုန်ပြီဟုဆိုကာ အပိုကြေးဖြင့် ရောင်းချနေကြောင်း ခရီးသွားတစ်ဦးက ပြောသည်။"လက်မှတ် မရှိတော့ဘူး ကုန်ပြီလို့ ဘောတင်ကြေညာထားတယ်။ ပြီးတော့ ရိုးရိုးတန်း ခုံယူရင်တစ်သောင်းခွဲ၊ ခုံမဲဆိုရင် ၁၀၀၀၀ ဆိုပြီး ရောင်းတယ်"ဟု ၎င်းက ပြောသည်။လေအိတ်ရထားတွဲဆိုင်း၏ အထက်တန်း ရန်ကုန်-မော်လမြိုင် လေအိတ်ရထား(အထက်တန်း) လက်မှတ်မှာ ၁၃,၀၀၀ ကျပ်ဖြစ်ပြီး ရိုးရိုးတန်းလက်မှတ်မှာ ၈၀၀၀ ကျပ်ဖြစ်သည်။အလားတူ ရန်ကုန်-မော်လမြိုင် ရိုးရိုး (AAR)တွဲဆိုင်း အထက်တန်းလက်မှတ်မှာ ၁၂,၀၀၀ ကျပ်ဖြစ်ပြီး ရိုးရိုးတန်းမှာ ၇၀၀၀ ကျပ်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

news-view-count-icon

27