back

မဟာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း မြန်မာ့မီးရထားမှ အထူးရထားများ တိုးချဲ့ပြေးဆွဲပေးမည်

Apr 08 • 8:30 AM

breaking-news

Myanmar

Local

cover

မဟာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း မြန်မာ့မီးရထားမှ အထူးရထားများ တိုးချဲ့ပြေးဆွဲပေးမည်

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားသည် မဟာသင်္ကြန်ရုံးပိတ်ရက်အတွင်း ခရီးသွားလာသူများ အဆင်ပြေစေရန် ရန်ကုန်-နေပြည်တော်၊ ရန်ကုန်-ပြည် နှင့် ရန်က...

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားသည် မဟာသင်္ကြန်ရုံးပိတ်ရက်အတွင်း ခရီးသွားလာသူများ အဆင်ပြေစေရန် ရန်ကုန်-နေပြည်တော်၊ ရန်ကုန်-ပြည် နှင့် ရန်ကုန်-မော်လမြိုင် ခရီးစဉ်များအတွက် အထူးရထားများကို ဧပြီလ ၁၀ ရက်မှစတင်ကာ သတ်မှတ်ရက်များအလိုက် တိုးချဲ့ပြေးဆွဲပေးမည်ဖြစ်သည်။ ရန်ကုန်-နေပြည်တော် ခရီးစဉ်အတွက် စပိန် DEMU ရထားများကိုလည်းကောင်း၊ ရန်ကုန်-ပြည်နှင့် ရန်ကုန်-မော်လမြိုင် ခရီးစဉ်များအတွက် လေအိတ်ရထားများကိုလည်းကောင်း ပြေးဆွဲပေးမည်ဖြစ်ပြီး လက်မှတ်များကို သက်ဆိုင်ရာဘူတာများတွင် လူကိုယ်တိုင်ဖြစ်စေ၊ နေပြည်တော်လမ်းပိုင်းအတွက် Online မှဖြစ်စေ ကြိုတင်ဝယ်ယူနိုင်ပါသည်။ သို့သော် သင်္ကြန်ရက်များဖြစ်သည့် ဧပြီလ ၁၃ ရက်မှ ၁၆ ရက်အထိ လူစီးအမြန်ရထားအချို့ ပြေးဆွဲမှုကို ခေတ္တရပ်နားထားမည်ဖြစ်ကာ၊ ဧပြီလ ၁၇ ရက်နေ့မှစတင်၍ ခရီးစဉ်အားလုံး ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

65