back

တညင်းကုန်းအဆင့်မြင့်လက်ကားဈေးတွင် နေ့စဉ်ကုန်တင်ယာဥ်အစီးရေ ၁၀,၀၀၀ ခန့် ဝင်ထွက်နေ

Apr 08 • 8:37 AM

breaking-news

Myanmar

Yangon

cover

တညင်းကုန်းအဆင့်မြင့်လက်ကားဈေးတွင် နေ့စဉ်ကုန်တင်ယာဥ်အစီးရေ ၁၀,၀၀၀ ခန့် ဝင်ထွက်နေ

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ တညင်းကုန်းအဆင့်မြင့်လက်ကားဈေးကြီးတွင် နေ့စဉ် ဝယ်သူကားအစီးရေ ၁၀,၀၀၀ ခန့် ဝင်ထွက်လျက်ရှိပြီး ညအိပ်ရပ်နားသည့် ကုန်တင်ယာဉ် ...

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ တညင်းကုန်းအဆင့်မြင့်လက်ကားဈေးကြီးတွင် နေ့စဉ် ဝယ်သူကားအစီးရေ ၁၀,၀၀၀ ခန့် ဝင်ထွက်လျက်ရှိပြီး ညအိပ်ရပ်နားသည့် ကုန်တင်ယာဉ် ၅၀၀ ခန့်ရှိကြောင်း ဈေးအုပ်ချုပ်ရေးပိုင်းမှ သိရသည်။အဆိုပါဈေးသို့ နေ့စဉ် ကုန်တင်ကားအနည်းဆုံး အစီး ၅၀ ခန့် ဝင်ရောက်လျက်ရှိပြီး ပစ္စည်းဝင်ရောက်သည့် ကားအသေးများအပါအဝင် စုစုပေါင်း အစီးရေ ၃၀၀ ခန့်ရှိကြောင်း သိရသည်။ ထို့ပြင် ကုန်စည်များ လျင်မြန်စွာ စီးဆင်းနိုင်ရန် အနယ်နယ်အရပ်ရပ်မှ လာရောက်သော ကုန်တင်ကားများ၊ တွဲကားများနှင့် ၁၂ ဘီးကားများအတွက် ညအိပ်ရပ်နားစခန်းကိုလည်း စီမံထားရှိကြောင်း သိရသည်။

news-view-count-icon

18