မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်၊ ၅၄(ဘီ)လမ်း၊ ၁၂၈ x ၁၂၉ လမ်းကြား၌ မူးယစ်ဆေး ဝါးများဖြန့်ဖြူးရောင်းချသူများဖြစ်သည့် အောင်ကျော်စိုးနှင့် ဇနီးဖြစ်သူ သူဇာသန်း(ခ)သီတာတို့အား ဧပြီ ၆ ရက်နံနက် ၈ နာရီခွဲခန့်ကဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ထို့နောက် အမရပူရမြို့နယ်၊ ဒေါင်းရွေးကျေးရွာရှိ၎င်းတို့၏နေအိမ်အားရှာဖွေစစ်ဆေးရာ ငွေကျပ်(၁၅ ဒသမ ၀၂)ဘီလီယံခန့်တန်ဖိုးရှိ စိတ်ကြွဆေးပြား(၉၉ ဒသမ ၂၂)သိန်းပြားကိုသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။စစ်ဆေးချက်များအရ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နေ အိုက်ချွမ်(ဖမ်းဆီးရန်ကျန်)က မူးယစ်ဆေးဝါးများကို မန္တလေးမြို့အတွင်းပြန်လည်ရောင်းချစေခြင်းဖြစ်သည်ကိုဖော်ထုတ်သိရှိခဲ့ရကြောင်း သိရသည်။ထို့ကြောင့် ဖမ်းဆီးရမိသူများအား ဥပဒေအရထိရောက်စွာအရေးယူနိုင်ရန်ဆောင်ရွက်လျက်ရှိကာ ဆက် စပ်ပြစ်မှုကျူးလွန်သူများအား ထပ်မံဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
Apr 08 • 5:07 AM
Myanmar
Mandalay
Share
| 21 | 0 | 0 | 0 |


