လာမည် သင်္ကြန်ကာလတွင် ယာဉ်မောင်းသူများအား အရက်သေစာသောက်စားထားခြင်းရှိ/ မရှိ ကို အရက်မူးတိုင်းကိရိယာ (Alcohol Tester) ဖြင့် တိုင်းတာ စစ်ဆေး၍ ချိုးဖောက်ပါက ထိရောက်စွာ အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်းလည်း အသိပေးထားသည်။၂၀၂၆ ခုနှစ် ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် ယာဉ်မောင်းသူများမှ သတိပြုရန်အချက် ၁၁ ချက်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ကာလ ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်မောင်းနှင်သူများ အနေဖြင့် မူးယစ်သောက်စားယာဉ်မမောင်းရန်၊ အပျော်လွန်ကျူး စည်းကမ်းမဲ့ပြိုင်မမောင်းရ၊ လုမမောင်းရ၊ မော်တော်ယာဉ်များတွင် အိတ်ဇောပိုက်ဖြုတ်မမောင်းရ စသည့်အချက်များပါဝင်ကြောင်း သိရသည်။
သင်္ကြန်ကာလ တွင် ယာဉ်မောင်းများ အရက်သေစာသောက်စားထားခြင်းရှိ/ မရှိ အရက်မူးတိုင်းကိရိယာ (Alcohol Tester) ဖြင့် စစ်ဆေးမည်
Apr 08 • 5:06 AM
Myanmar
Local
Share
| 21 | 0 | 0 | 0 |


